21 ပတ် - ဘာသာပြန်ပါ။

တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ (၁)ရက်တွင် စတင်မည်

ဘုရားဖူးရင်း တိမ်ပင်လယ်ကြည့်နိုင်မည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ (၁)ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်ဝိုင်းတောင်မှ တောင်တက်လမ်းလျှောက်ရာသီအဖြစ် ဒီဇင်ဘာလမှ စတင်ထားကာ သုံးလ သတ်မှတ်ထားကြောင်း သိရသည်။

ကျန်းမာရေးအတွက် တောင်တက်လမ်းလျှောက်ခြင်းနှင့် ဘုရားဖူးဧည့်သည်တော်များ လာရောက်လည်ပတ်နိုင်ရေးအတွက် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ တောင်တက်ရာသီအဖြစ် သတ်မှတ်ထားသည်။

ယင်းတောင်ဝိုင်းတောင်သို့ အစိုးရရုံးပိတ်ရက်များတွင် တစ်နေ့လျှင် တောင်တက်သူဦးရေ (၅၀၀) ခန့်ရှိကြောင်း၊ တောင်ဝိုင်းတောင်ပေါ်သို့တက်ရန် မြေပြန့်မှလမ်းလျှောက်ပြီး တောင်ပေါ်အတက်အကွေ့အနားရှိ စစ်ဆေးရေးဂိတ်တွင် တောင်တက်ချိန်ကို နေ့စဉ်နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ ကန့်သတ်ထားကြောင်း၊ တောင်တက်လမ်းအဝင်တွင်လည်း ကား၊ ဆိုင်ကယ်များ အခမဲ့အပ်နှံနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

အဆိုပါ တောင်ဝိုင်း တောင်တက် လမ်းလျှောက်ရာသီကို ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image