#ပုစွန်ပင်စိမ်းအစပ်ကြော်
........................................
ပုစွန်ကွေးလေးတွေကို ခေါင်းဖြုတ်၊ အခွံချွတ်၊
ချေးကြောင်းဆွဲထုတ်၍ သန့်စင်ထားပါ။
ကြက်သွန်နီ ၂လုံး၊
ငရုတ်သီးစိမ်း ၂တောင့်၊
ပဲတောင့်ရှည်သီး၂တောင့်တို့ကို လှီးထားပါ။
ကြက်သွန်ဖြူ. ၃မွှာ နှုတ်နှုတ်စင်းထားပါ။
ပင်စိမ်းရွက်အနည်းငယ် ရေဆေးထားပါ။
ကြက်သွန်နီ၊ ဖြူ တို့ကို ဆီအရင်သတ်ပါ။
ငရုတ်သီးစိမ်း၊ ပဲသီးတို့ထည့်ကြော်၊
ကျက်ခါနီး ပုစွန်ထည့်၊
ငါးငံပြာရည်တဇွန်း၊
သကြား၊ဟင်းခတ်မှုန့်အနည်းငယ်စီနှင့်
ငရုတ်ချဉ်ဆော့ တဇွန်းထည့်မွှေ၊
ချခါနီးကော်မှုန့်ကို ရေနည်းနည်းဖြင့်ဖျော်၍ ထည့်၊
ပင်စိမ်းရွက်လေးအုပ်ပေးပါ။
