အိန္ဒိယတပ်မတော်အတွက် V-BAT ဒရုန်းတွေ အမေရိကန် Shield AI ကုမ္ပဏီနဲ့ အိန္ဒိယ JSW Group ပူးပေါင်း ထုတ်လုပ်မည်
နိုဝင်ဘာ ၂၃
အိန္ဒိယတပ်မတော်အတွက် ပြည်တွင်းမှာ V-BAT ဒရုန်းတွေထုတ်လုပ်ဖို့ အမေရိကန် Shield AI ကုမ္ပဏီဟာ အိန္ဒိယ JSW Group ရဲ့လက်ခွဲကုမ္ပဏီဖြစ်တဲ့ JSW Defence ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးလိုက်ပါ တယ်။ သဘောတူစာချုပ်အရ JSW Group ဟာ နှစ်နှစ်အတွင်း ဒေါ်လာသန်း ၉၀ ရင်းနှီးမြှုပ်နံှသွားမှာဖြစ်ပြီး ပထမနှစ် မှာ ဒေါ်လာ ၆၅ သန်း သုံးစွဲသွားမှာဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကို ဒရုန်းထုတ်လုပ်ရေးစက်ရုံတစ်ရုံတည်ဆောက်ရေး၊ တပ်ဖွဲ့ဝင်တွေအရည်အသွေးမြှင့်တင် ရေးသင်တန်းနဲ့ ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်ကွန်ရက်တစ်ခု တည်ဆောက်ရေးတို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။
ဒရုန်းထုတ်လုပ်ရေးစက်ရုံက V-BAT ဒရုန်းတွေ ထုတ်လုပ်ပေးရုံတင်မကဘဲ ဒရုန်းထိန်းသိမ်းပျံသန်းရေးအော် ပရေတာသင်တန်း၊ လုံခြုံစိတ်ချရတဲ့ပြုပြင်ထိန်းသိမ်းမှုသင်တန်းနဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေကိုပါ ထောက် ပံ့ပေးသွားမှာဖြစ်ပါတယ်။
ဒီစီမံချက်ဟာ ပြည်တွင်းစစ်လက်နက်ပစ္စည်းထုတ်လုပ်မှုနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ဖို့အတွက် အိန္ဒိယနိုင်ငံရဲ့ ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း JSW Group ရဲ့ ဦးဆောင်ညွှန်ကြားရေး မှူး ပတ်သ်ဂျင်ဒယ်လ်က ပြောပါတယ်။
“JSW Group နဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းကတစ်ဆင့် အင်ဒို-အမေရိကန် မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးကို မြှင့်တင်ခွင့်ရတဲ့အတွက် ကုမ္ပဏီအနေနဲ့ ဝမ်းမြောက်ဂုဏ်ယူပြီး စိတ်အားတက်ကြွနေပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက ကမ္ဘာတစ်ဝန်း နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်သလို အိန္ဒိယနိုင်ငံ ရဲ့ ကျယ်ပြန့်လှတဲ့ အင်ဂျင်နီယာပညာရပ်နဲ့ ထုတ်လုပ်ရေး ပင်ကိုယ်စွမ်းရည်တွေကို ထိန်းချုပ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။” လို့ Shield AI ကုမ္ပဏီ ဥက္ကဋ္ဌ ဘရန်ဒန်ဆန်က ပြောပါတယ်။
V-BAT ဒရုန်းဟာ ထောင်လိုက် အတက်/အဆင်း ပြုလုပ်နိုင်စွမ်းရှိတဲ့ အတောင်ပံတပ် ဒရုန်းဖြစ်ပြီး တာဝေး စစ် သတင်းစုဆောင်းခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ကင်းထောက်ခြင်း (ISR) တာဝန်တွေထမ်းဆောင်နိုင်ဖို့ အတွက် အထူးဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
V-BAT ဒရုန်းကို အထူးတပ်ဖွဲ့တွေ၊ ရှေ့တန်းစစ်မြေပြင်က ခြေလျင်တပ်ဖွဲ့တွေ၊ တင့်/သံချပ်ကာတပ်ဖွဲ့တွေနဲ့ အ မြောက်တပ်ဖွဲ့တွေအထိ စစ်ဆင်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။
နောက်ဘက်မှာ ပြွန်သွင်းထားတဲ့ ပန်ကာတစ်လုံးတပ်ဆင်ထားတဲ့အတွက် V-BAT ဒရုန်းဟာ တစ်ဆက်တည်း ၁၂ နာရီအထိ ပျံသန်းနိုင်ပါတယ်။ ကျစ်လျစ်သိပ်သည်းစွာ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့အတွက် V-BAT ဒရုန်းကို မိနစ် ၂၀ အတွင်း တပ်ဖွဲ့ ဝင် ၂ ဦးနဲ့ တပ်ဆင်/လွှတ်တင်နိုင်ပါတယ်။
Ref: Shield AI to Produce V-BAT Drones in India
Credit - NV Media
#သတင်းဟင်းလေးအိုးကြီး


