ရုရှားပစ်လိုက်တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည် တစ်နာရီကို မိုင် ၈,၀၀၀ နှုန်းနဲ့ ပျံသန်းလာကြောင်း ယူကရိန်းပြော

နိုဝင်ဘာ ၂၃

ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို နိုဝင်ဘာလ ၂၁ ရက်နေ့ (ကြာသပတေးနေ့) က ပစ်ခတ်ခဲ့တဲ့ ရုရှားဒုံးကျည်ဟာ တစ်နာရီ မိုင် ၈,၀၀၀ (ကီလိုမီတာ ၁၃,၀၀၀) နှုန်း ပျံသန်းနိုင်ပြီး ရုရှားဒုံးပစ်စင်ကနေ ပစ်မှတ်ကို ၁၅ မိနစ် အ တွင်းရောက်ရှိလာတာဖြစ်ကြောင်း ယူကရိန်းအစိုးရက သောကြာနေ့က ပြောကြားလိုက်ပါတယ်။

ယူကရိန်းကိုထောက်ပံ့နေတဲ့ အနောက်နိုင်ငံတွေကို သတိပေးတဲ့အနေနဲ့ ရုရှားနိုင်ငံက အော်ရီရှနစ် အမည်ရ တာလတ်ပစ် ဟိုပါဆောနစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယူကရိန်းစစ်ဘက်ပစ်မှတ်ကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ပြည့်ဖို့ နီးကပ်လာချိန်မှာ ယူကရိန်းက အနောက်အုပ်စုထောက်ပံ့ထားတဲ့ တာဝေး ပစ်ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံအတွင်းပိုင်းထဲကို တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားက အခုလို တာလတ်ပစ်ပဲ့ထိန်းဒုံး ကျည်သစ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“ရုရှားနိုင်ငံ အက်စထရာခန်ဒေသ ဒုံးပစ်စင်ကနေ ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ပျံသန်း တဲ့အချိန်က ၁၅ မိနစ်ဖြစ်ပါတယ်။” လို့ ယူကရိန်းထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်ရုံး HUR ရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။

“အဲဒီဒုံးကျည်မှာ ထိပ်ဖူး ၆ ခု တပ်ဆင်ထားပါတယ်။ ထိပ်ဖူးတစ်ခုစီမှာလည်း နောက်ထပ် ထိပ်ဖူး ၆ ခုစီ တပ် ဆင်ထားတာဖြစ်တယ်။ ဒုံးကျည်ပျံသန်းလာတဲ့နှုန်းက Mach 11 ဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ပံျသန်းနှုန်း Mach 11 ဟာ တစ်နာရီကို ၈,၄၅၀ မိုင် (၁၃,၆၀၀ ကီလိုမီတာ) နှုန်းနဲ့ ညီမျှပါတယ်။

ဒီဒုံးကျည်ဟာ ၂၀၂၁ ခုနှစ်က ပထမဦးဆုံးအကြိမ် အော်ရီရှနစ်ဒုံးကျည်စမ်းသပ်ခဲ့တယ်လို့ ယူကရိန်း HUR ဒုတိ ယအကြီးအကဲ ဗိုလ်ချုပ် ဗာဒီးစကီဘစ်စကီးပြောတဲ့ ကက်ဒါဒုံးကျည်စခန်းကလာတာဖြစ်နိုင်ကြောင်း HUR က ပြောပါတယ်။

ရုရှားနိုင်ငံဟာ အဲဒီဒုံးကျည်တွေကို အလုံးအရင်းမထုတ်လုပ်ခင်မှာ ၁၀ စင်းထက်မနည်း စမ်းသပ်ပစ်ခတ်နိုင်ခဲ့ ကြောင်း စကီဘစ်စကီးက ပြောပါတယ်။

ရုရှားတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘရပ်ဆဲလ်မြို့မှာရှိတဲ့ နေတိုးအဖွဲ့ရုံးချုပ်မှာ အင်္ဂါနေ့မှာ နေတိုးအဖွဲ့နဲ့ ယူကရိန်း အရေးပေါ်အစည်းအဝေး ကျင်းပသွားမှာဖြစ်ကြောင်း နေတိုးသတင်းရင်းမြစ်တစ်ဦးက သောကြာနေ့က ပြော ပါတယ်။

ရုရှားနိုင်ငံအနေနဲ့ စစ်ပွဲမှာ ၎င်းတို့ရဲ့ ဒုံးကျည်တွေကို ဆက်လက်စမ်းသပ်ပစ်ခတ်သွားမှာဖြစ်သလို အသင့်ပစ် ခတ်နိုင်တဲ့ ဒုံးကျည်တွေလည်း အများအပြားရှိကြောင်း သမ္မတပူတင်က သောကြာနေ့က ပြောပါတယ်။

Ref: Ukraine says new Russian missile reached speed of over 13,000 kph

#centralnewsmyanmar

image
image
image