ဗိုလ်ချုပ်ကြီးမောင်မောင်အေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ဆွေးနွေး

နိုဝင်ဘာ ၂၃

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (25th ASEAN Chiefs of Army Multilateral Meeting – 25th ACAMM) သို့ တက်ရောက်ခဲ့သည့် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အာဆီယံ ကြည်းတပ်ဦးစီးချုပ်များနှင့် ဆွေးနွေးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၂၁ရက် နံနက်ပိုင်းတွင် Mabalacat မြို့ရှိ Hilton Clark Sun Valley Resort ၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးတက်ရောက်လာသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များက Strengthening Partnership and Camaraderie Towards Regional Stability ခေါင်းစဉ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ အစည်းအဝေးအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည်။

မွန်းလွဲပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ် Gen Mao Sophan ၊ ထိုင်းဘုရင့်တပ်မတော် လက်ထောက်ကြည်းတပ်ဦးစီးချုပ် Gen. Wasu Chiemsuk၊ ဖိလစ်ပိုင်ကြည်းတပ် ဦးစီးချုပ် Lt. Gen Roy M Galido၊ လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ Maj. Gen Phanseng Bounphan၊ ဘရူနိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် Bri. Gen Haji Mohammad Shanonnizam bin Sulai-man တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Credit - NV News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image