ဘုရားသုံးဆူမြို့မှာ ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် နိုင်ငံ့ဝန်ထမ်း မိသားစုဝင်သုံးဦး သတ်ဖြတ်ခံရ

နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် အသက် (၆)နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် မိသားစုဝင်သုံးဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးသွားပြီ သတ်ဖြတ်ခံလိုက်ရကြောင်း သိရသည်။

နိုဝင်ဘာလ (၁၉)ရက်က ဘုရားသုံးဆူမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်း တန်းလျားတွင် နေထိုင်သည့် အငြိမ်းစားလျှပ်စစ်ဝန်ထမ်းဖြစ်သူ အသက် (၆၉)နှစ်အရွယ် ဦးရခိုင်၊ ၎င်း၏ သမီးဖြစ်သူ အသက် (၃၆)နှစ်အရွယ် ကျောင်းဆရာ ဒေါ်သိမ့်သိမ့်သူနှင့် ဦးရခိုင်၏ မြေးဖြစ်သူ အသက် (၆)နှစ်အရွယ် ကလေးငယ်တို့ကို လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးပြီးနောက် နိုဝင်ဘာလ (၂၀)ရက် နံနက်ပိုင်းတွင် ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အဆိုပါ မိသားစုဝင် သုံးဦး၏ ရုပ်အလောင်းများကို ဘုရားသုံးဆူမြို့၏ အပြင်ဘက် မက္ကသာ ကျေးရွာသို့ သွားသည့် ကားလမ်းဘေးတွင် ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။

#centralnewsnaypyitaw

image