8 w - Translate

ရန်ကုန်တိုင်းရှိ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် ယနေ့ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ ငလျင်များလှုပ်ခတ်ခဲ့

ရန်ကုန်တိုင်း၊ တွံတေးမြို့နှင့်ဥက္ကံမြို့တို့တွင် ယ နေ့ နိုဝင်ဘာ ၂၀ ရက်ညနေပိုင်းက မိနစ်ပိုင်းသာခြား၍ အင်အားအသင့်အတင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲထံမှ သိရသည်။

မိုးလေဝသမြန်မာ၊ ဗဟိုဌာနချုပ်၊ မြေငလျင်တိုင်းထွာရေးဗဟိုဌာနမှ ယနေ့ညနေ ၅ နာရီ ၃၄ မိနစ်၊ ၅၀ စက္ကန့်တွင် တွံတေးမြို့၏ မြောက်-အ ရှေ့မြောက်ဘက်(၃ ဒသမ ၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၇၆)ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ်(၉၅ ဒသမ ၉၆)ဒီဂရီ၊ အနက် (၆ ဒသမ ၂)မိုင်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၄ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်ခဲ့သည်ကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၅ နာရီ ၄၈ မိနစ် ၂၉ စက္ကန့်ကလည်း တွံတေးမြို့၏မြောက်-အနောက်မြောက်ဘက်(၇ ဒသမ ၅)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၆ ဒသမ ၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၅ ဒသမ ၈၉)ဒီဂရီ၊ အနက်(၆ ဒသမ ၂)မိုင်ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းရှိငလျင်လှုပ်ခတ်ခဲ့ခြင်းကို တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ညနေ ၅ နာရီ ၅၉ မိနစ် ၂၀ စက္ကန့်တွင်လည်း ဥက္ကံမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၁၇)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၁၇ ဒသမ ၆၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၀၈) ဒီဂရီ၊ အနက်(၈ ဒသမ ၁)မိုင်ကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၃)အဆင့်ရှိ အင် အားသေးငယ်သော ငလျင်ခတ်ခဲ့သည်ကို တိုင်း ထွာရရှိခဲ့ကြောင်း သိရသည်။

image
image
image