မြစ်ငါးတန်မရမ်းသီးစိမ်းဆီလည်ရေလည်ချက်
ငါးကို ဆား အချိုမှုန့် ဆနွင်း ငံပြာရည်တို့နဲ့နယ်ထာပါ၊ကြက်သွန်နီ ကြက်သွနိဖြူကို ထောင်းထားပါ၊ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ ကြက်သွန်ထည့်ပါ ကြက်သွန်နွမ်းမှ ဆနွင်းမှုန့် ငရုတ်အရောင်တင်မှုန့် မဆလာလေးထည့်ပြီးဆီသတ်ပါ၊ပြီးမှ ငါးကိုထည့်ပါ၊ငါးကို တဖက်စီလှန်ပြီး ရေမြှပ်အောင်ထည့်ပါ၊မရမ်းသီးစိမ်းကို ထက်ခြမ်းခွဲ အသေ့ထုတ်ပြီး ထည့်ပါ၊ငါးကို ဆီလည်ရေလည် အနေအထားရပြီဆို မဆလာနဲ့ နံနံပင်လေးအုပ် ချလိုက်ပါ၊
ဒီငါးချက်ရင် အကြာကြီးမချက်ရပါ ကြက်သွန်တွေ အများကြီးမထညိ့ရပါ ငါးကို ပစ်တွဲကြီးဖြစ်ပြီး စားမကောင်းပါဘူး ကြာကြာချက်ရင် ။
