21 ပတ် - ဘာသာပြန်ပါ။

နှစ်လယ် မြန်မာ့ကျောက်မျက် ပြပွဲမှာ ပုလဲအတွဲ (၁၀၈) တွဲ ရောင်းချထားရဟုဆို

နိုဝင်ဘာ ၂၀

နေပြည်တော်က မဏိရတနာ ကျောက်စိမ်းခန်းမှာ ကျင်းပပြုလုပ်နေတဲ့ ၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲမှာ ပုလဲအတွဲ (၁၀၈) တွဲ ရောင်းချထားရတယ်လို့ ပြပွဲ ကျင်းပရေးကော်မတီက ပြောပါတယ်။

အဲ့ဒီ ပုလဲအတွဲတွေ ရောင်းချရမှုဟာ အတွဲအမှတ် (၁) ကနေ အတွဲအမှတ် (၁၄၀) အထိ ပုလဲတွဲထဲက ရောင်းချ ထားရတာလို့ ဆိုပါတယ်။

ပြပွဲမှာ ပုလဲအတွဲပေါင်း (၂၈၀)တွဲ၊ ကျောက်မျက်အတွဲပေါင်း (၁၆၀)နဲ့ အုပ်စု (A,B,C) သုံးအုပ်စုခွဲခြားထားတဲ့ ကျောက်စိမ်းအတွဲပေါင်း (၄၈၀၀) ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။

ပြပွဲကို နိုဝင်ဘာ (၁၈) ရက်ကနေ (၂၇) ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

#centralnewsnayptitaw

image