21 w - Translate

မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် နည်းပြဂွါဒီယိုလာ သဘောတူ

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

စပိန်နည်းပြဟာ ၂၀၁၆ ခုနှစ်ကတည်းက အသင်းဆီရောက်ရှိနေတာဖြစ်ပြီး စာချုပ်သစ်အရ ၁၀ စုနှစ်ကျော်ကြာ တာဝန်ယူခွင့် ရရှိတော့မှာပါ။

စာချုပ်သစ်အရ ၂၀၂၇ ခုနှစ်အထိ မန်စီးတီးမှာ ဆက်ရှိမှာဖြစ်ပြီး တနှစ်သက်တမ်းတိုးပြီး နောက်ထပ်တနှစ် ဆက်လက်သက်တမ်းတိုးခွင့် ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။

ဂွါဒီယိုလာဟာ ၂၀၂၂ ခုနှစ်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း ၆ လသာ ကျန်ရှိတော့ချိန်မှာ အခုလို သက်တမ်းတိုးခဲ့ပါသေးတယ်။

နည်းပြဂွါဒီယိုလာဟာ အသင်းနဲ့ ၈ နှစ်ကြာကာလအတွင်းမှာ ဆုဖလား ၁၈ လုံးအထိ ရယူပေးခဲ့ပါတယ်။
DVB

image