21 w - Translate

ကျွန်တော့်ဘေးမှာ အချိန်အကြာကြီး
ဘယ်သူမှ မနေနိုင်ကြဘူး။

ဒီစာဟာ သူတို့ကို အပြစ်ပြောနေတာ

မဟုတ်ပါဘူး ကျွန်တော့ကိုယ်ကျွန်တော်
အပြစ်တင်မိတာပါ။

ကျွန်တော့်စိတ်က အမြဲလိုလို Overthinking

တွေများလွန်းတော့ တစ်ခါတစ်ခါ သိပ်ကို
နားလည်ရခက်တယ်။

တစ်ယောက်ထဲနေရင်းနဲ့လည်း တွေးချင်ရာတွေ
တွေးနေမိတာ အတွေးတွေရောက်လာတာနဲ့

အရာအာလုံးက မှောင်မိုက်သွားသလိုပဲ
အထီးကျန်ဆန်ပြီးလဲ အားငယ်မိတယ်။

ကျွန်တော့်ကိုချစ်တဲ့သူရော ကျွန်တော်က
ချစ်တဲ့ သူတွေရော ကျွန်တော့် ဘေးမှာ

နေခဲ့ရတာ သိပ်ပင်ပန်း နေခဲ့ကြမှာပဲ
ကျွန်တော် အားနာမိပါရဲ့ ။

ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော်
တစ်ယောက်ထဲ ရအောင်နေတတ်ဖို့

ကြိုးစားနေပါတယ် ဘယ်သူ့အတွက်မှ
အနှောင့်အယှက် မဖြစ်စေချင်တော့သလို

ကျွန်တော် ကိုယ်တိုင်လည်း
ရင့်ကျက်ဖို့ လိုနေပြီထင်ပါရဲ့ ။

တစ်ခုခုဆိုထိရှလွယ်လွန်းလို့တဲ့
စိတ်ကိုရအောင်ဖျောက်မယ်။

လူစုလူဝေးတွေကို မသွားတော့ဘူး။
တစ်ယောက်ထဲ နေတတ်အောင်လေ့ကျင့်မယ်။

ကျွန်တော်အတွက်လည်း ...
လူတွေအများကြီး မလိုအပ်တော့ပါဘူး။

ကျွန်တော့်ကို နားလည်ပေးနိုင်တဲ့ လူတစ်ချို့

မဟုတ်တောင် လူအနည်းစုလေးနဲ့တင်ပဲ
လုံလောက်နိုင်ပါတယ်။

ချစ်သော💛

#crd

image