8 w - Translate

ထရမ့်ပ်က ကာရိုလိုင်းလီးဗစ်ကိုအိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်

ဝါရှင်တန်၊နိုဝင်ဘာ ၁၇

ရွေးကောက်ခံတကျော့ပြန်သမ္မတဒေါ်နယ်ထရမ့်ပ်က အသက် ၂၇ နှစ်အရွယ်သာရှိသေးသည့် မဲဆွယ်စည်းရုံးရေးအတွက်ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီးဗစ်အား အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ခဲ့သည်ဟုသိရသည်။

ကာရိုလိုင်းသည် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူများအနက် အသက်အငယ်ဆုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်လာခဲ့၍ ယခုခန့်အပ်မှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေကြသည်။

"ကာရိုလိုင်းက ကြံ့ခိုင်ထက်မြက်ပြီး အရည်အချင်းရှိတဲ့မိန်းကလေးမျိုးပါ၊သူ့ရဲ့ထက်မြက်ပါးနပ်မှုတွေ ကြောင့် ကျွန်တော်တို့အစိုးရကပေးချင်တဲ့သတင်းစကားတွေ၊အကြောင်းအရာတွေကို ပြည်သူတွေဆီ အရောက်ပို့ပေးနိုင်မယ်လို့ယုံကြည်ပါတယ်" ဟုလည်း ထရမ့်ပ်ကဆိုသည်။

ကာရိုလိုင်းသည် ထရမ့်ပ်၏ မဲဆွယ်ကာလတစ်လျှောက် စည်းရုံးရေးကာလအတွက် တစ်နိုင်ငံလုံးဆိုင်ရာပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ထရမ့်ပ်၏ပထမသက်တမ်းကာလတွင်လည်း လက်ထောက်စည်းရုံးရေးပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့သကဲ့သို့ နူးဟမ်စဖိုင်းယားပြည်နယ်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

"ကျွန်မက နိုင်ငံရေးအသိုင်းအဝိုင်းမိသားစုကမွေးဖွားလာတာမဟုတ်ပါဘူး၊အမေရိကန်လူမျိုးအများစုလိုပဲ သာမန်မိသားစုကမွေးဖွားလာတာပါ၊ဒါပေမဲ့ ကျွန်မ တက္ကသိုလ်တက်နေတဲ့ကာလအတွင်း နိုင်ငံရေးကိုစိတ်ဝင်စားတာကြောင့် အခုလိုခြေစုံပစ်ဝင်ခဲ့တာပါ" ဟုလည်း ၎င်းကဆိုသည်။

image