မန္တလေးက Denko ဆီဆိုင်မှာ သေနတ်ပစ်ဖောက်ပြီး ငွေလုယက်မှု ဖြစ်ပွား

နိုဝင်ဘာ ၁၈

မန္တလေး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာမှာဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီ အ‌ရောင်းဆိုင်အတွင်းကို နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လည်ပိုင်းက သေနတ်ပစ်ဖောက်ပြီး ငွေကျပ် (၁၀) သိန်း ကျော် လုယက်ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေနတ် ပစ်ဖောက်ငွေကြေးလုယက်သူဟာ ဆိုင်ကယ်နဲ့လာရောက်ခဲ့ပြီး သူ့ဝတ်ထားတဲ့ ဂျာကင်အင်္ကျီအောက် ကနေ သေနတ်ထုတ် ပစ်ဖောက်ခဲ့ပြီး ငွေကြေးများ လုယက်ကာ ဆိုင်ကယ်နဲ့ ပြန်လည်မောင်းနှင် ထွက်ပြေး သွားခဲ့တယ် လို့သိရပါတယ်။

ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့အတွက် CCTV မှတ်တမ်းတွေနဲ့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image