9 w - Translate

မန်ယူအသင်းအနေဖြင့် စပို့တင်းတိုက်စစ်မှူးယိုကယ်ရက်စ်ထက် ဟာရီကိန်းကို ပေါင်သန်း (၁၂၀) ဖြင့် ခေါ်ယူသင့်ကြောင်း မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်

မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက အသင်းဟောင်းအနေဖြင့် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်ထက် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၁၂၀) ဖြင့် ခေါ်ယူသင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့စျေးကွက်များတွင် ငွေကြေးများစွာ အသုံးပြုပြီး ကစားသမားသစ်များ ခေါ်ယူခဲ့သော်လည်း ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ အသင်းနည်းပြ တန်ဟက်ဂ်မှာ ရာထူးမှထုတ်ပယ်ခံခဲ့ရသည်။

မန်ယူအသင်းသည် လက်ရှိတွင် စပို့တင်းလစ္စဘွန်းနည်းပြ အာမိုရင်မ်အား အသင်းနည်းပြအဖြစ် ခန့်အပ်ထားရာ ၎င်းအနေဖြင့် စပို့တင်းလစ္စဘွန်းအသင်းတွင် ၎င်းနှင့်လက်တွဲခဲ့ဖူးသည့် ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သတင်းထွက်ပေါ်နေသည်။

ယင်းအနေအထားတွင် မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက "ယိုကယ်ရက်စ်ရဲ့ ခြေစွမ်းက အရမ်းကောင်းနေပေမဲ့ သူအနေနဲ့ မန်ယူကို ရောက်လာမယ်ဆိုရင် စပို့တင်းမှာလိုမျိုး ခြေစွမ်းပြနိုင်မယ်လို့ မထင်ပါဘူး။ စပို့တင်းမှာ ဘာဖိအားမှ မရှိပေမဲ့ မန်ယူမှာက ဖိအားများပါတယ်။ ဟွိုင်းလန်း၊ ဇက်ဇီတို့တောင် အဲဒီဖိအားတွေကြောင့် ခြေစွမ်းမပြနိုင်တာပါ။ မန်ယူက ဆာလာတို့၊ ဟာလန်းတို့လို ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်သူ လိုနေတာပါ။ အဲဒီအတွက်ဆိုရင် ယိုကယ်ရက်စ်က အဖြေမဟုတ်ဘူးလို့ ထင်ပါတယ်။ မန်ယူသာ ပေါင်သန်း (၁၂၀) အသုံးပြုမယ်ဆိုရင် ဟာရီကိန်းကိုပဲ ခေါ်ယူသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

image