9 w - Translate

တန်ဆောင်တိုင်ပိတ်ရက်၌ ရန်ကုန်-မော်လမြိုင် အစုန်/အဆန် အထူးရထားများပြေးဆွဲပေးမည်

တန်ဆောင်တိုင်ပိတ်ရက်၌ အများပြည်သူများနှင့်ဝန်ထမ်းများသွားလာမှုအဆင်ပြေစေရန် ရန်ကုန်-မော်လမြိုင် အစုန်/အဆန်အထူးရထားများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

အထူးရထားများသည် လေအိတ်တွဲဆိုင်းများဖြစ်ပြီး ရန်ကုန်-မော်လမြိုင် အဆန်အထူးရထားသည့် မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာ၍ မော်လမြိုင်ဘူတာသို့ ညနေ ၅ နာရီ ၄၅ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားသည် နိုဝင်ဘာ ၁၇ ရက်နံနက် ၉ နာရီ ၁၅ မိနစ်တွင် မော်လမြိုင်ဘူတာမှစတင်ထွက်ခွာ၍ ညနေ ၇ နာရီ ၁၅ မိနစ်၌ ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အထူးရထားများသည်လမ်း၌ မုတ္တမ၊ ပေါင်၊ ဇင်းကျိုက်၊ ရင်းငြိမ်၊ သထုံ၊ သိမ်ဆိပ်၊ နှင်းပုလဲ၊ တောင်စွန်း၊ မရမ်းကုန်း၊ ကျိုက်ထို၊ ကျိုက္ကသာ၊ မုပ္ပလင်၊ သိမ်ဇရပ်၊ ဝေါ၊ ပဲခူး၊ တိုးကြောင်က လေးဘူတာများတွင် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်ဆောင်တိုင်ပိတ်ရက်၌ အထူးရထားများပြေးဆွဲပေးသွားမည့်နည်းတူ မော်လမြိုင်- ရန်ကုန် နေ့စဉ်ပြေးဆွဲလျက်ရှိသည့် အမှတ် (၈၂) အစုန်ရထားကိုလည်း ပုံမုန်အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image