ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
နေပြည်တော်၊ နိုဝင်ဘာ ၁၃
ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်ထုတ်ထားသည်။
ပဲခူးတိုင်းဒေသကြီး၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန် (၁)လမ်း၊ လန်းဆန်းအိမ်ရာ၊ အမှတ် (A/၄၀၆)တွင် ပါတီ ရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာ လိုက်သည်။
ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၃) ဖြစ်ကြောင်း သိရသည်။
#centralnewsnaypyitaw