1 w - Translate

ချစ်တယ်ဆိုတာ လှပခြင်းတွေကိုအတူတူရှာဖွေတာပဲမဟုတ်လား
ဒီနေ့ တိမ်တွေလှနေတာ မိုးရွာနေတာ ပန်းတွေပွင့်လာတာ
အဖြစ်အပျက်တွေကို မျှဝေရင်း
တစ်ယောက်ကိုယ်တစ်ယောက် နီးနီးဝေးဝေး
ထွေးပွေ့ထားတာပါပဲ

တစ်ကြိမ်လောက်ဖြစ်ဖြစ် ကိုယ့်ရဲ့မနက်ခင်းတွေထဲ
ချစ်သူရဲ့မျက်ဝန်းကို ထည့်ထားကြည့်
မြတ်မြတ်နိုးနိုး နမ်းရှိုက်ကြည့်
နေဝင်ချိန်တွေကို အတူခေါ်သွားကြည့်

မေတ္တာတရားထပ် အင်အားကြီးတာတွေထပ်မရှိလို့
လက်ဖဝါးချင်းထပ်ပြီး ကုသိုလ်ကောင်းမှူတွေ
ပြုကြည့်ဖို့
တစ်ယောက်ပုခုံး တစ်ယောက်မှီရင်း ငြိမ်းချမ်းမှုကို
အတူရှာဖွေရတာဟာ အချစ်ပါပဲ

စိတ်ကလေး ငြိမ်သက်နေရင် အချစ်ပါပဲ
ဒါကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာလည်း အချစ်ပါပဲ။

#ဇူခီ

image