“အစိုးရစွမ်းဆောင်ရည်ပြည့်ဝမှု ဝန်ကြီးဌာန” ကို အီလွန်မတ်နဲ့ ဗိဗက်ရာမာဆွာမိတို့ ဦးဆောင်သွားမှာဖြစ် ကြောင်း ထရမ့်ပြော

နိုဝင်ဘာ ၁၃၊ နိုင်ငံတကာ။

အသစ်ဖွဲ့စည်းလိုက်တဲ့ “အစိုးရစွမ်းဆောင်ရည်ပြည့်ဝမှု ဝန်ကြီးဌာန” ကို အီလွန်မတ်နဲ့ ရီပတ်ဘလီကန်သမ္မတ လောင်းဖြစ်ခဲ့ဖူးသူ ဗိဗက်ရာမာဆွာမိတို့က ဦးဆောင်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲနိုင် အမေရိကန်အကြို သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။

“အစိုးရဗျူရိုကရေစီကို ပယ်ဖျက်ဖို့၊ လိုတာထက်ပိုတဲ့ စည်းမျဉ်းတွေကို သိသိသာသာလျှော့ချဖို့၊ လိုတာထက်ပို တဲ့ အသုံးစရိတ်တွေကို ဖြတ်တောက်ဖို့နဲ့ ဖက်ဒရယ်အဖွဲ့အစည်းတွေကို ပြန်လည်ဖွဲ့စည်းဖို့အတွက် မတ်နဲ့ ရာမာ ဆွာမီဟာ ကျွန်တော့်အစိုးရအတွက် လမ်းခင်းပေးသွားမှာဖြစ်ပါတယ်။” လို့ ထရမ့်က ထုတ်ပြန်ချက်ထဲမှာ ထည့် သွင်းဖော်ပြထားပါတယ်။

၎င်းတို့ရဲ့လုပ်ငန်းတာဝန်တွေကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မတိုင်ခင် အပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက် သေးငယ်ပြီး ပိုပြီးအရည်အချင်းပြည့်ဝစွာ စွမ်းဆောင်နိုင်တဲ့ အစိုးရတစ်ရပ်ဟာ လွတ်လပ်ရေးကြေညာစာတမ်း လက်မှတ်ရေးထိုးခဲ့တဲ့ အနှစ် ၂၅၀ ပြည့် နေ့ရက်မှာ နိုင်ငံအတွက် လက်ဆောင်တစ်ခုဖြစ်လာမှာဖြစ်ကြောင်း ထရမ့်က ပြောပါတယ်။

အခုရာထူးခန့်အပ်မှုဟာ ပုဂ္ဂလိကအခန်းကဏ္ဍကနေ ထရမ့်ကို အားတက်သရောထောက်ခံခဲ့သူ နှစ်ဦးကို ဆု ဘာလ်ချီးမြှင့်တာဖြစ်ပါတယ်။

အီလွန်မတ်ဟာ Tesla လျှပ်စစ်ကား ကုမ္ပဏီ၊ လူမှုကွန်ရက်ပလက်ဖောင်း X နဲ့ ရော့ကက်ကုမ္ပဏီ SpaceX တို့ရဲ့ ပိုင်ရှင် သူဌေးကြီးဖြစ်ပြီး ဗိဗက်ရာမာဆွာမိကတော့ ကနဦးက ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ထရမ့်နဲ့ ယှဉ်ပြိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်ခဲ့ပြီး ထရမ့်ကို အားပေး ထောက်ခံခဲ့သူဖြစ်ပါတယ်။

အီလွန်မတ်ဟာ ထရမ့်မဲဆွယ်ပွဲအတွက် ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ခဲ့ပြီး မဲဆွယ်ပွဲတွေမှာ ထရမ့်နဲ့ အတူ ကိုယ်တိုင် ပါဝင် စည်းရုံးမဲဆွယ်ခဲ့ပါတယ်။

ထရမ့်ကလည်း ၎င်းရဲ့ အစိုးရအဖွဲ့ စွမ်းဆောင်ရည်ပြည့်ဝစေရေး မြှင့်တင်ဖို့အတွက် ကမ္ဘာ့အချမ်းသာဆုံး သူ ဌေးကြီးအီလွန်မတ်ကို အစိုးရအဖွဲ့မှာ ရာထူးတစ်နေရာပေးဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“ဒီသတင်းဟာ အစိုးရအဖွဲ့အတွင်း ဖြုန်းတီးနေတဲ့လူတွေဆီကို ပြင်းထန်တဲ့ဂယက်ရိုက်ခတ်မှုတွေ ရောက်ရှိသွား မှာဖြစ်ပါတယ်။” လို့ မတ်က ပြောပါတယ်။

ထရမ့်ရဲ့ အစိုးရသစ်ပြုပြင်ပြောင်းလဲမှုကို ဒုတိယကမ္ဘာစစ်အဆုံးသတ်သွားဖို့ အနုမြူဗုံးထုတ်လုပ်ရေး စီစဉ် ဆောင်ရွက်ခဲ့တဲ့ အမေရိကန်အစိုးရရဲ့ဆောင်ရွက်ချက်ကို ကိုးကားပြီး “မင်ဟက်တန်စီမံချက်” လို့ ထရမ့်က ပြောဆိုခဲ့တာကို မတ်က ပြန်လည်ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

Ref: Trump names Musk to co-lead newly formed Department of Government Efficiency

#centralmewsnaypyitaw

image
image
image