Manifestation result မြန်မြန်လိုချင်ရင်
1. စိတ်ရှင်းပြီး အေးချမ်းအောင်နေ
2. အတင်းမတုတ်နဲ့
3. အတင်းတုတ်တဲသူတွေ အပူတွေပြောနေတဲ့သူတွေအနားကဝေးဝေးရှောင်
4. ရေပုံမှန်ချိုး, အခန်း သန့်ရှင်းအောင်နေ, ခြေသည်းညှပ်, အဟောင်း အစုတ်တွေ လွှတ်ပစ်, ငွေပေးချေထားတဲ့ receipt တွေ လွှတ်ပစ်
5. ရေများများသောက်, နည်းနည်း energy မကောင်းသလိုခံစားရတာ ခေါင်းမကြည်တာနဲ့ ရေသောက်
6. ကိုယ့်ကိုကိုယ် ချစ်ပါ, လေးစားပါ
7. လိုချင်တဲ့အရာတွေ (crush, money,...) နဲ့ ကိုယ်က ထိုက်တန်တယ် ဆိုတာ မကြာခဏ တွေးပေး/ပြောပေးပါ
8. Angel numbers တွေမြင်လာတိုင်း ဘာကြောင့်လဲ မမေးဘဲ "ငါ့ manifestation result တွေနီးလာတဲ့ sign ပဲ" ဆိုတဲ့ mindset သွင်းပါ
9. Opposite result တွေ့လဲ လက်မလျှော့နဲ့, ဒီထက်ပိုကောင်းတာတွေ လာဖို့ လမ်းဖယ်ပေးတာလို့ တွေးပါ, အဲ့တာကတော့ တကယ်ပါ
Example - အသိကောင်လေးတစ်ယောက်ဆိုရင် အလုပ်ရှာနေတာ ၁ နှစ်ရှိပြီ, သူက job manifesting စလုပ်တော့ အလုပ်တစ်ခုက ရမလိုဖြစ်သွားတယ်, ဒါပေမယ့် reject ခံရတယ်, နည်းနည်းတော့ စိတ်ဓါတ်ကျပေမယ့် လက်မလျှော့ဘဲ ဆက်လျှောက်တယ်, ၁ လလဲကြာရော အဲ့ reject ထိတဲ့ အလုပ်လစာထက် ၃ ဆ ပိုပြီးရတဲ့ work from home အလုပ်ဖြစ်နေတယ်, reject ထိတဲ့အလုပ်က သူ့အိမ်နေရာထက်တောင် ဝေးတယ်, အဲ့အလုပ်သာရသွားခဲ့ရင် သူ့လစာ ရဲ့ တဝက်က အိမ်လခ/ကားခနဲ့တင် ကုန်မှာ, အဲ့တော့ ကိုယ်တောင်မသိနိုင်တဲ့ miracles တွေ possibilities တွေအရမ်းများတယ်, အတတ်နိုင်ဆုံး စိတ်မလျှော့ဘဲ manifest ပါလို့ တိုက်တွန်းချင်ပါတယ်
10. Result ကို စိတ်မစွဲပါနဲ့
တော်တော်များများ result တွေက မေ့လောက်ပြီး မတွေးတော့ရင် ရောက်လာတတ်ကြလို့ပါ
You don't chase, you attract 💗
Credit