1 w - Translate

ချန်းကျိုမြို့ရှိ ကျောက်မီးသွေးမှ ဓာတ်မြေဩ ဇာထုတ်လုပ်သည့်စက်ရုံကို ဝန်ကြီးဦးကိုကိုလွင် သွားရောက်လေ့လာ

ချန်းကျိုမြို့ရှိ ကျောက်မီးသွေးမှ ဓာတ်မြေဩ ဇာထုတ်လုပ်သည့်စက်ရုံ Lu An Chemical Plant ကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်မှ ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်က သွားရောက်လေ့လာခဲ့သည်။

စက်ရုံအတွင်း၌ ထုတ်လုပ်မှုလုပ်ငန်းစဥ်အဆင့် ဆင့်ဆောင်ရွက်မှုများကို ပြည်ထောင်စုဝန်ကြီးအား စက်ရုံတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့ပြင် ဝန်ကြီးဦးကိုကိုလွင်သည် နိုဝင်ဘာ ၁၀ ရက်ကလည်း ပေကျင်းမြို့ရှိ Aerospace Museum နှင့် CETEC (Changzheng Engineering Technology Co., Ltd.)၏ Research and Development Center တို့ကိုလေ့လာခဲ့ပြီး CETEC ရုံးချုပ်၌တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံပြီးနောက် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သောကျောက်မီးသွေးကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ်ရရှိရန် အကြိုလေ့လာဆန်းစစ်မှုများအား တိကျသေချာစွာစိစစ်ဆောင်ရွက်ရေး၊ Clean Coal Technology (CCT)ကဲ့သို့ အဆင့်မြင့်နည်းပညာများအသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုဖြစ်ပေါ် စေမှုအားလျှော့ချနိုင်ရေးဆွေးနွေးခဲ့သည်။

ထို့အတူ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် နိုင်ငံတကာစံချိန်စံနှုန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် အသုံးပြုမည့်အဆင့်မြင့်နည်းပညာများအား စနစ်တကျလွှဲပြောင်းရရှိရေး၊ Human Resourses (HR)မြင့်မားစေရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဝန်ကြီးဦးကိုကိုလွင်အား ပေကျင်းမြို့ရှိ WISDRI Engineering & Research Incorporation Limited အစည်းအဝေးခန်းမ၌ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်မှုနည်းစဉ်များတွင် အဓိကအသုံးပြုမည့် အအေးလွန်နည်းပညာအသုံးပြုကာ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ကိုထုတ်ယူသည့်နည်းပညာဆိုင်ရာများ၊ လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို ကျောက်မီးသွေးမှတစ်ဆင့်ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို သက်ဆိုင်ရာပညာရှင်များက ရှင်းလင်းတင်ပြခဲ့ကြသည်။

image