1 w - Translate

လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ယနေ့ နိုဝင်ဘာ (၁၂)ရက် နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်ယွန်းယွန်းသို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် (၂) ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်ကမ်းခြေ/သီရလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်တွင် ခန့်မှန်းသည်။

ထို့ပြင် နောက်(၂)ရက်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်းလည်း အသိပေးထားသည်။

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း“ရင်ရှင်း”(YINXING)သည်လည်း တောင် - အနော က်တောင်ဘက် သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားပြီး၊ နောက် (၁၂)နာရီအတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေသို့ ရောက်ရှိနိုင်ကာ တဖြည်းဖြည်းအားလျော့သွားမည်ဟု မိုးဇလမှ ထုတ်ပြန်ထားသည်။

image