1 w - Translate

အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများ အားလုံးနှင့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ နေ့သင်တန်းများကို နိုဝင်ဘာ (၂၁)ရက်မှ စတင် ဖွင့်လှစ်သွားမည်

အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများ အားလုံးနှင့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်တန်းများကို နိုဝင်ဘာ (၂၁) ရဘက်မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အစိုးရနည်းပညာ ကောလိပ်များ၏ B.Tech ဘွဲ့ သင်တန်းများ အားလုံးကို နိုဝင်ဘာ (၂၁)ရက်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ (၁၄)ရက်မှစတင် လက်ခံသွားမည်ဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ထုတ်ပြန်သည်။

ထို့ပြင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုသင်တန်းများနှင့် ဘွဲ့လွန်တန်းများကို နိုဝင်ဘာ (၂၁)ရက်မှ စတင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ (၁၄)ရက်မှ စတင်၍ နံနက် (၉) နာရီမှ ညနေ (၄)နာရီအထိ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

image