Nov 12 ရက်နေ့ မနက်ခင်း ထိုင်းဘတ်ဈေး ထပ်မံကျဆင်း

ဘတ်ပေးကျပ်ယူ 785 (1သိန်းကျပ်)
ကျပ်ပေးဘတ်ယူ 765 (1သိန်းကျပ်)

Rate 127.39 - 130.72 သာရှိပါတော့တယ်
(အများဈေး ဖောက်သည်ဈေး လက်ကားဈေး ၁၃၀ လောက်နဲ့ ရနိုင်ပါတယ်)

အခုဈေးတန်းကတော့ ၇ လပိုင်း လအစက ဈေးတန်းဝန်းကျင်ကို ပြန်လည်ရောက်ရှိနေတာပဲဖြစ်ပါတယ်

တကယ်တော့ တခြားငွေဈေးတွေနဲ့ USD တွေနဲ့ ယှဥ်ရင် အခုထိုင်းဘတ်ဈေးဟာ များနေပါသေးတယ်

July လနဲ့ ယှဥ်ပြီး ဥပမာလေးပေးချင်ပါတယ်

June လကုန် July လအစမှာ အခုဈေးတန်းဖြစ်တဲ့
USD က 4410 - 4510 ဝန်းကျင်မှာရှိနေချိန်မှာ
ထိုင်းဘတ်က 121 - 125 ဝန်းကျင်မှာသာရှိနေခဲ့ပါတယ်
အဲဒီချိန်မှာ 1 USD ကို 36.72 Baht ရှိခဲ့ပါတယ်

အဲဒီနောက်ပိုင်း ကမ္ဘာမှာ ဘတ်ငွေဈေးကောင်းလာခဲ့တာ 1 USD ကို 32.3 လောက်ထိ အနိမ့်ဆုံးဖြစ်ခဲ့ပြီး အခု ဘတ်တန်ဖိုးပြန်ကျလာတာမို့ အခု 1USD ကို 34.6 ထိ ပြန်ဖြစ်နေပါတယ်

1 USD ကို 34.6 baht ဖြစ်ချိန်
1 USD ကို 4420 - 4520 ကျပ်ဖြစ်ချိန်
1 ဘတ်ကို 127.39 - 130.72 ကျပ် ဖြစ်နေပါတယ်

အကယ်လို့သာ ၇ လပိုင်းတုန်းက ဈေးဖြစ်တဲ့ 1 ဒေါ်လာကို 36.7 လောက်ထိ ပြန်ဖြစ်လာပြီး ဘတ်တန်ဖိုးပြန်ကျလာမယ်ဆိုရင် 7 လပိုင်းတုန်းကဈေးဖြစ်တဲ့
1 ဘတ်ကို 121 - 125 ထိ ပြန်ကျလာမှာဖြစ်ပါတယ်

အခုဘတ် ဘတ်ဈေးကျနေတာဟာ မြန်မာငွေတန်ဖိုးပြန်တက်နေတာမဟုတ်ပဲ ဘတ်တန်ဖိုးပြန်ကျနေတာဖြစ်လို့ အခုရက်ပိုင်းမှာ ဘတ်ဈေးသာ အကျများနေပြီး တခြားငွေဈေးတွေက မကျနေတာဖြစ်ပါတယ်

အကယ်လို့ ကျပ်ငွေတန်ဖိုးအတက်တာဖြစ်ဖြစ် ကျတာဖြစ်ဖြစ် ဖြစ်မယ်ဆိုရင် တခြားငွေဈေးတွေပါ ပြိုင်တူတက် ပြိုင်တူကျတာမျိုးဖြစ်မှာ ဖြစ်ပါတယ်

အခုလိုရှင်းပြတာက တချို့က ဘတ်ဈေးကျနေတာကို ဒေါ်လာက မချပေးဘူးတို့ ဘာတို့ ပြောနေကြလို့ အခုလိုရှင်းပြပေးလိုက်တာဖြစ်ပါတယ်

Credit - Myanmar Market Price

#သတင်းဟင်းလေးအိုးကြီး

image