1 w - Translate

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် ကျပ် (၆၅၉)သိန်းကျော်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး အဖွဲ့စုပေါင်းမဟာဘုံကထိန်အလှူတော်ကို နိုဝင်ဘာလ (၁၀) ရက် ၊ နံနက်ပိုင်းက မုံရွာမြို့၊စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ကျပ် (၆၅၉) သိန်းကျော်တန်ဖိုး လှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။

စုပေါင်းမဟာဘုံကထိန်အလှူတော်မဂ်လာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မုံရွာမြို့ ဘုရားကြီးရပ်ကွက်၊ သာစံ ကျောင်းတိုက်ပဓာန နာယက၊ သက်တော်ရှည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်‌ကြပြီး ကြွရောက်တော်မူလာသည့် ဆရာတော်ကြီးများ ရွတ်ဆိုချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီးပင့်သံဃာ ဆရာတော် (၂၇) ပါးထံ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြကာလှူဒါန်းမှူ အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်စုစုပေါင်း (၅၈) ခုအနက် ပင့်သံဃာ‌တော် (၂၇) ပါးအားလှူဒါန်းသည့် ပဒေသာပင် (၂၇) ပင် ၊ တန်ဖိုးငွေ ကျပ် (၃၆၂) သိန်းကျော် (၃၆၂၇ ၈၃၀၀) ၊ ကထိန်ခံကျောင်းဖြစ်သော မုံရွာမြို့ တိပိဋကလက်ာရ သာမဏေကျောင်းတိုက်သို့ ပဒေသာပင်လှူဒါန်းမှု တန်ဖိုးငွေ ကျပ် (၂၉၆) သိန်းကျော် (၂၉၆၃၉၄၀၅) စုစုပေါင်း တန်ဖိုးငွေ ကျပ် (၆၅၉) သိန်းကျော် ( ၆၅၉၁၇၇၀၅) လှူဒါန်းခဲ့ကြောင်းသိရသည်။

imageimage