လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့ ဂျပန်
==============================================
ဒီနေ့ခေတ်မှာ အာကာသကို လူသားတွေ ခရီးသွားနိုင်လာကြပါပြီ။ အာကာသယာဉ်နဲ့ ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ်နိုင်တဲ့ ဝန်ဆောင်မှုတွေကို ပြုလုပ်နေကြပါပြီ။
အခုတော့ ဂျပန်က လူသားတွေကို ကျည်ဆန်ရထားနဲ့ လ နဲ့ အင်္ဂါဂြိုလ်ကို ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။ ကျိုတို တက္ကသိုလ်နဲ့ Kajima Construction တို့ ဒီစီမံကိန်းအတွက် ပူးပေါင်း သုတေသန ပြုလုပ်နေကြပါတယ်။ ကျည်ဆန်ရထားဟာ ကမ္ဘာ၊ လ နဲ့ အင်္ဂါဂြိုလ်ကို ဆက်သွယ်ထားမှာ ဖြစ်ပါတယ်။
လ နဲ့ အင်္ဂါဂြိုလ်မှာ လူသားတွေ နေထိုင်နိုင်တဲ့ ကမ္ဘာ့ ဆွဲအားရှိတဲ့ ပတ်ဝန်းကျင်ကို တုပ ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဲဒီမှာ တည်တန့်တဲ့ စွမ်းအင် အရင်းအမြစ်ကို ဖန်တီးထားမှာ ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းဟာ အစောပိုင်းအဆင့်မှာပဲ ရှိသေးပြီး နည်းပညာ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ အာကာသ စူးစမ်းလေ့လာရေးအတွက် အလွန် အသုံးဝင်မှာ ဖြစ်သလို အာကာသ ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်က ဒီစီမံကိန်း အကောင်အထည်ဖော်မယ့် အချိန် အတိအကျကို မပြောသေးပါဘူး။
Ref : Tech Explorers
Credit to DigitalTimes