တံဆိပ်တုံးအတုပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးနေသူများအား အရေးယူဟန့်တားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့် ညှိနှိုင်းနေ
နိုဝင်ဘာ ၁၁
တရားမဝင် တံဆိပ်တုံး အတုပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးနေသူများအား ထိရောက်စွာ အရေးယူဟန့်တားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်၊ နယ်မြေခံအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာသံရုံး ဆိုးလ်မြို့မှ ထုတ်ပြန်ထားသည်။
ကိုးရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်မိခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံတို့မှ ဥပဒေအရ အရေးယူခံရနိုင် ကြောင်းနှင့် စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်အား ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သို့ရာတွင် အချို့သော မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့၏ မြန်မာနိုင်ငံကူးလက်မှတ်များကို တရားမဝင် တံဆိပ်တုံး အတုအပဖြင့် သက်တမ်းတိုးခြင်းများ လုပ်ဆောင်နေကြောင်း စိစစ်တွေ့ရှိသည့်အတွက် မြန်မာသံရုံး ဆိုးလ်မြို့ အနေဖြင့် အဆိုပါ နိုင်ငံကူးလက်မှတ်များကို ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်း ရေးသွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် တရားမဝင် တံဆိပ်တုံး အတုအပပြုလုပ်ပြီး နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးနေသူများအား အိမ်ရှင်နိုင်ငံ၏ တရားဥပဒေအရ ထိရောက်စွာ အရေးယူဟန့်တားနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနအဆင့်နှင့် နယ်မြေခံအဆင့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
#centralnewsnaypyitaw