၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေတံဆိပ် ဆွတ်ခူး
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက်
မော်လ်ဒိုက်နိုင်ငံ၌ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် ၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ရဲထွန်းနောင်က ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် (MBPF) ထံမှ သိရသည်။
ရဲထွန်းနောင်က နိုဝင်ဘာ ၉ ရက်က ပြုလုပ်သော အမျိုးသားကာယဗလပြိုင်ပွဲ (၇၅ ကီလိုတန်း) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆု ရရှိခဲ့ကြောင်း MBPF တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရဲထွန်းနောင်က အားကောင်းသော နိုင်ငံတကာပြိုင်ဘက် ၆ ဦးအား ကျော်ဖြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ်နှင့် အိန္ဒိယတို့မှ ပြိုင်ပွဲဝင်များက ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုများ အသီးသီး ရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရဲထွန်းနောင်က ယမန်နှစ်က ပြုလုပ်သော ၇၀ ကီလိုတန်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၁၅ ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၌ နိုင်ငံ ၄၁ နိုင်ငံဝန်းကျင်မှ အားကစားသမား ၃၀၀ ခန့် ပါဝင်ခဲ့ပြီး အတန်းအမျိုးအစား ၅၀ တန်း ပါဝင်ကြောင်း သိရသည်။
#centralnewsnaypyitaw