ပြည်ပကို (၁)လအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၄၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၈၉) သန်း ရရှိထားဟုဆို
နိုဝင်ဘာ ၁၁
ပြည်ပကို အောက်တိုဘာလအတွင်းက ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၄၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၈၉) သန်းရရှိထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထုတ်ပြန်ချက်များအရ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လပိုင်းတွင်းက ဆန်နဲ့ ဆန်ကွဲ ၂၀၇၃၆၉ ဒသမ ၉ မက်ထရစ်တန် တင်ပို့မှုကနေ အမေရိကန် ဒေါ်လာ (၉၇) သန်းနဲ့ စက်တင်ဘာလပိုင်းအတွင်းက ၂၁၉၅၆၅ ဒသမ ၁၃ မက်ထရစ်တန် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ (၁၀၄) သန်း ရရှိထားခဲ့တယ်လို့လည်း သိရပါတယ်။
ဆန်နဲ့ ဆန်ကွဲတင်ပို့မှုမှာ ဆန်ကို အင်ဒိုနီးရှားနိုင်ငံဆီ အများဆုံးတင်ပို့ထားပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံနိုင်ငံဆီ အများဆုံး တင်ပို့ထားတယ်လို့ သိရပါတယ်။
၂၀၂၄ - ၂၀၂၅ ဘဏ္ဏာရေးနှစ်ရဲ့ ခုနှစ်လတာ ကာလအတွင်းမှာ ဆန်တန်ချိန် ၁၃၆၂၆၃၀ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ (၆၄၇) သန်းရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#သတင်းဟင်းလေးအိုးကြီး