9 w - Translate

လန်ဒန်ဒါဘီမှာ သူငယ်ချင်းဟောင်းနှစ်ယောက် ဘယ်သူ အသာရမလဲ...

ဒီညမှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီတွေ့ဆုံမှုရှိနေပါတယ်။ လန်ဒန်ဒါဘီပြိုင်ဘက်တွေထဲမှာ အာဆင်နယ်နဲ့ပတ်သက်ရင် အခါးသီးဆုံးက စပါးဖြစ်ပေမယ့် အတိတ်နေ့စွဲအောင်မြင်မှုအရတော့ ခြင်္သေ့ပြာနဲ့ ဂန်းနားတွေက အကြီးကျယ်ဆုံးပါပဲ။ အခုဆိုရင်တာ့ ဒီညထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ ဘရိုက်တန်မှာ သူငယ်ချင်းဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ မွိုက်ဆက်ကိုင်စီဒိုနဲ့ လီအန်ဒရိုထရိုဆက်တို့ဟာ ပြိုင်ဘက်တွေအဖြစ် မြက်ခင်းစိမ်းပေါ်မှာ ရင်ဆိုင်ရတော့မှာပါ။

နှစ်သင်းစလုံးက ထိပ်ဆုံး ၄ သင်းစာရင်းဝင်မျှော်လင့်ချက်ကိုယ်စီနဲ့ ရှေ့ဆက်နေကြတာဖြစ်တယ်။ ဒီလိုအချိန်မှာ ဂန်းနားကြယ်ပွင့် ထရိုဆက်က ချဲလ်ဆီး ကွင်းလယ်လူ ကိုင်စီဒိုရဲ့ အရည်အချင်းနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘရိုက်တန်မှာ အတူတွဲကစားခဲ့ကြဖူးသူတွေဖြစ်လို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းနားလည်ပြီးသားဖြစ်တယ်။

ထရိုဆက်က "သေချာတာကတော့ သူဟာ ထိပ်တန်းကစားသမားပါ။ ဘရိုက်တန်ကို သူရောက်လာတုန်းက အသင်းကြီးတစ်သင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော် ချက်ချင်းသိခဲ့တယ်။ ချဲလ်ဆီးကစားသမားဘဝအစမှာ အခြေအနေတစ်ခုကြောင့် ခက်ခဲနေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခု သူက ပိုကြီးတဲ့ အခန်းကဏ္ဍနဲ့ ပိုကြီးတဲ့ သက်ရောက်မှုတွေ ရှိနေတယ်" လို့ ချီးကျူးခဲ့ပါတယ်။ သူငယ်ချင်းဟောင်းနှစ်ယောက် ထိပ်တိုက်တွေ့မယ့် လန်ဒန်ဒါဘီမှာ ချဲလ်ဆီးလား၊ အာဆင်နယ်လား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။

image