9 w - Translate

ဗဟိုဘဏ်မှ တရားဝင်ထုတ်ဝေထားသည့်ငွေစ က္ကူများကို ယုံကြည်စိတ်ချစွာသုံးစွဲနိုင်

လူမှုကွန်ယက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိသည့် ကောလဟလသတင်းများနှင့်ပတ်သက်၍ သတင်းမှားများသာဖြစ်ကြောင်း၊ဗဟိုဘဏ်မှ တရားဝင်ထုတ်ဝေထားသည့်ငွေစက္ကူများကို ယုံကြည်စိတ်ချစွာသုံးစွဲနိင်ကြောင်းယနေ့ နိုဝင်ဘာ ၁၀ ရက်ကအသိပေးထုတ်ပြန်ခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာတွင် Porfile အတုများ၊ Lock ချထားသော Profile များ၊ အမည်မဖော်ရဲသဖြင့် Anonymous participant အမည်များအသုံးပြုထားသော “အခေါက်ရွှေ ရောင်းသူဝယ်သူတိုက်ရိုက်” Public Group နှင့် “Gold” Public Group တို့မှ မြန်မာ့ငွေစက္ကူအချို့ ဖျက်သိမ်းနိုင်ဖွယ်ရှိနေကာ အသစ်များအစားထိုးဖွယ်ရှိနေပြီး ဘဏ်များပိတ်သိမ်းတော့မည်ဟု သတင်းတု/သတင်းမှားများကို မကြာခဏရေးသားဖြန့်ဝေလျက်ရှိသည်။

ထိုသို့ ဖြန့်ဝေခြင်းသည် တည်ငြိမ်လျက်ရှိသောငွေကြေးကဏ္ဍကိုပျက်စီးစေရန်၊ မြန်မာ့ဘဏ်လုပ်ငန်းစနစ်ကမောက်ကမဖြစ်စေရန်၊ နိုင်ငံခြားငွေများအပေါ်ဈေးကစားရန်နှင့် ကုန်ဈေးနှုန်း ကြီးမြင့်စေရန် ရည်ရွယ်ချက်များဖြင့်ရေးသားကာ ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံရေးသားခြင်းဖြစ်သည်။

ထို့ကြောင့် ဗဟိုဘဏ်မှ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်ဘဏ်မျှ ပိတ်သိမ်းရသည့်အခြေအနေ၊ ပိတ်သိမ်းရန်အစီအစဉ်လုံးဝမရှိဘဲ ငွေစက္ကူများ ဖျက်သိမ်းခြင်း၊ အသစ်ထုတ်ဝေခြင်းများပြုလုပ်ရန်လည်း အစီအစဉ်မရှိကြောင်း အသိပေးခဲ့သည်။

ထို့ပြင် ဗဟိုဘဏ်မှတရားဝင်ထုတ်ဝေထားသည့် ငွေစက္ကူများကို ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပြီး ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက်လိုင်စင်ရရှိထားသော ဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများထံတွင် ငွေအပ်နှံခြင်း၊ ငွေလွှဲပြောင်း/လက်ခံခြင်းတို့ကို ယုံကြည်စိတ်ချစွာပြုလုပ်နိုင်သည်ဟု အသိပေးခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုပျက်ပြားစေမည့် သတင်းတု၊ သတင်းယောင်၊ သတင်းမှားများရေးသားဖြန့်ဝေလျက်ရှိသော လူပုဂ္ဂိုလ်များ ၊ Page/ Group များ၏ Admin များကိုလည်း ဥပဒေများနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

image