တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အကြို ပုံရိပ်အချို့
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်နှင့် မီးပုံပျံပွဲတော်ကို နိုဝင်ဘာ (၁၁)ရက်မှ (၁၇)ရက်အထိ (၇) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာ (၉) ရက် ညပိုင်းက တောင်ကြီးမြို့ ၊ အဝေရာ မီးပုံးပျံကွင်းတွင် အများပြည်သူများ သွားရောက်လည်ပတ်နေကြသည်ကိုတွေ့မြင်ရခြင်းဖြစ်သ ည်။
ယခင်က ပွဲတော်ကို နိုဝင်ဘာ (၉) ရက်မှ (၁၅) ရက်အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း မိုးရွာသွန်းမှုအခြေအနေကြောင့် ပွဲတော်ရက်ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး မီးပုံးပျံ (၂၆) လုံး၊ စိန်နားပန် မီးပုံးပျံ (၂၄) လုံး စုစုပေါင်းအလုံးရေ (၅၀)အပါအဝင် နေ့လွှတ်ခြေနှစ်ချောင်း (၁၄၇) လုံး၊ ခြေလေးချောင်း (၃၈) လုံး၊ အရုပ်အုပ်စု (၂၃) လုံး အသီးသီးလွှတ်တင်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီက အသိပေးချက်တွင်ဖော်ပြထားသည်။
![image](https://www.myspace.com.mm/upload/photos/2024/11/NsVV6j89Nkdkqmy9Z9P7_10_3a06ecbd3bafd45da09ab5af84871219_image_small.jpeg)
![image](https://www.myspace.com.mm/upload/photos/2024/11/dNSNOvrl7nLIAWMfctYL_10_3a06ecbd3bafd45da09ab5af84871219_image_small.jpeg)
![](https://www.myspace.com.mm/upload/photos/2024/11/KoExbWEWHTkuJmKUJ2Pm_10_64c3c5e957dbaa60d39e8ba53d7b68ed_image_small.jpeg)