ရှမ်း/တောင် ဆီဆိုင်မြို့အရှေ့ဘက်တွင် ၃.၁ ရစ်ခ်ချက်စကေး အဆင့်ရှိ မြေငလျင် လှုပ်ခတ်
ရှမ်း/တောင် ဆီဆိုင်မြို့အရှေ့ဘက်တွင် ယနေ့ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက ၃ ဒဿမ ၁ ရစ်ချက်စကေးအဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုး/ဇလ က ထုတ်ပြန်အသိပေးသည်။
အဆိုပါ ငလျှင်လှုပ်ခတ်မှုသည် တောင်ကြီး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၅၁ မိုင်ခန့်အကွာ ဆီဆိုင်မြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ လှုတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အင်အား ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ် ထိခိုက်ပျက်စီးမှုမရှိပေ။
ယခုလ နိုဝင်ဘာ ၇ ရက် ည၁၁ နာရီ အချိန်တွင် ရှမ်း/အရှေ့ တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့တွင် မိုင်းဖြတ်မြို့ကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး ၄.၇ အ ဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ရှမ်းပြည်နယ်တစ်ဝန်း ယခုလ နိုဝင်ဘာ လ ၆ ရက်မှ ၉ ရက်နေ့အထိ မိုးရွာသွန်းခဲ့ပြီး၊ မြေပြိုမှု၊ တောင်ကျချောင်းရေ ရုတ်တရက် စီးဆင်းလာမှုဖြစ်ပေါ်လာနိုင်သဖြင့် ဒေသခံများ သတိပြုကြရန် မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သတိပေးပြောကြားထားသည်။