''I'm the problem, It's me ''
ငါ့ပြဿနာအကြောင်းရင်းကငါပါပဲ..။
ပိန်တယ်ဝတယ် ဒီဝတ်စုံကငါနဲ့တကယ်လိုက်ဖက်လား ဘယ်သူကလှောင်နေမလဲ
ဆိုတဲ့ စိတ်မလုံခြုံမှုတွေကိုခေါင်းထဲထည့်ခဲ့မိတာလည်းငါ..။
ဖြစ်လာပါ့မလားမသေချာတဲ့ Overthinkingတွေကိုထုပ်ပိုးလို့ ညတိုင်း အိပ်မရအောင် ကြောက်ရွံခဲ့တာလည်းငါ..။
ငါသာ စိတ်ထဲမထည့်ရင်
ဘယ်လောက်ပဲ တိုက်ခိုက်ကြပါစေ
ဘေးပြောတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာ အမှိုက်သက်သက်ပဲဖြစ်လာမှာ..
ငါ့အားနည်းချက်တွေဟာ.ငါ့ရဲ့လူသားဆန်တဲ့အစိတ်အပိုင်းပဲ ဖြစ်တာမလို့
ရှက်ရွံစရာမလိုပါဘူး..။
ဒဏ်ရာတွေကို ဖုံးကွယ်ရမယ့်အစား အမာရွတ်တွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ဆုတံဆိပ်အဖြစ်ချပြလိုက်မယ်..။
Make upလိမ်းထားတဲ့ငါ့ကိုယ်ငါကြည့်ရတာကြိုက်သလို သဘာဝအတိုင်းရုပ်ရည်ကိုလည်းသဘောကျပေးလိုက်မယ်..။
ငါနာကျင်နေရတဲ့ အရင်းခံက ငါကိုယ်တိုင်ပဲမလို့
ဖြေရှင်းနိုင်မှာကလည်း ငါပဲ..။
ပိတ်မိနေတဲ့ ဒီခံစားချက်တွေထဲကဆွဲထုတ်ပေးနိုင်တဲ့သူကလည်းငါပါပဲ
ငါသာသန်မာနေရင်
ဘယ်သူ့ကိုမှမလိုအပ်ပဲ
လောကကြီးထဲ အမှီအခိုမရှိ ရပ်တည်နိုင်တယ်
ငါ့ကိုယ်ငါသာ ချစ်ပေးရင်
တန်ဖိုးထားပေးရင် ယုံကြည်ပေးရင်
ငါ့ဘဝမှာ ငါကိုယ်တိုင်နဲ့တင်လုံလောက်ပါတယ်...။
#lavenderpan -7 လာဗန်ဒါပန်
#အညိုရောင်မေပလ်ရွက်လေးသို့