Crown Prince တစ်ပါးရဲ့ ခရီးလမ်း
Crown Prince လို့ Kingdom တွေ ချစ်စနိုးခေါ်ကြတဲ့ RRQ Hoshi ဆိုတဲ့ အသင်းက Gold Laner Skylar ကတော့ အသင်းအတွက် သူ့ရဲ့ ရုန်းကန်နိုင်စွမ်းကြောင့် Kingdom တွေရဲ့အချစ်ကို သိမ်းပိုက်ထားနိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။
MDL အသင်းကနေ MPL ကိုရောက်လာချိန်မှာတော့ Skylar တစ်ယောက် တော်တော်လေးခက်ခဲတဲ့ကာလကိုရုန်းကန်ခဲ့ရပါတယ်။ တစ်ချိန်က အသင်းအတွက် impact ကြီးကြီးမားမား မဖြစ်တဲ့ ချာတိတ်လေးတစ်ယောက်က ခုချိန်မှာ RRQ Hoshi ဆိုတဲ့အသင်းမှာ အဓိကကစားသမားလိုဖြစ်လာတာဟာ Skylar ရဲ့ကြိုးစားအားထုတ်မှုကြောင့်လို့ဆိုရမှာပါပဲ။
ကစားသမားဘဝ ပထမဆုံး MPL Champion ဆုကိုတော့ MPL ID S9 မှာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ RRQ ရဲ့ ငယ်မွေးခြံပေါက် Player တစ်ယောက်ဖြစ်တဲ့ Skylar ဟာ RRQ ရဲ့ အောင်မြင်ချိန် ကျရှုံးချိန်တိုင်းနီးပါးမှာ အတူရှိနေခဲ့ပါတယ်။ သူနဲ့အတူတွဲဆော့ခဲ့တဲ့ ညီအကိုတွေ အနားယူသွားချိန် အသင်းတွေ ပြောင်းသွားချိန်မှာလည်း Skylar ဟာ RRQ ရဲ့ သစ္စာတော်ခံတစ်ပါး အဖြစ် အသင်းမှာ ကျန်ရှိခဲ့ပါတယ်။
RRQ ရဲ့ အနိမ့်ကျဆုံးချိန်လို့ ပြောလို့ရတဲ့ကာလတွေမှာတောင် RRQ အသင်းနဲ့အတူ တောင့်ခံရင်း နောက်ဆုံးမှာတော့ ခြေမချဖြစ်တာကြာပြီဖြစ်တဲ့ International Stage ပေါ်ကို RRQ အသင်းနဲ့အတူ ထပ်မံရောက်ရှိနိုင်ခဲ့ပြန်ပါပြီ။ Skylar ရဲ့ကြိုးစားမှုတွေ အရာထင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ International Stage ပေါ်ထပ်မံရောက်ရှိနိုင်ခဲ့ခြင်းနဲ့အတူ M6 World Championship ပြိုင်ပွဲမှာလည်း Skylar တစ်ယောက် ဘယ်အဆင့်ထိ ထပ်မံလျှောက်လှမ်းသွားနိုင်ဦးမှာပါလိမ့်နော်။
ST14
ShinO
Credit