35 ပတ် - ဘာသာပြန်ပါ။

မမရေ
အဲ့လက်ဖ၀ါးနုနုလေးကိုင်ခွင့်ရဖို့ ဘယ်လိုအခွန်ဆောင်ရမလဲ။
တစ်နှစ် စာချုပ်လား၊ တစ်သက် စာချုပ်လား။

မမရေ
ဟိုလူတွေလေ ချစ်ခြင်းမေတ္တာကို တစ်ထောင့်ငါးရာနဲ့ ချရောင်းနေတယ်။
သိပ်ခက်တဲ့လူတွေ မမဆိုတာ အဲ့တစ်ထောင့်ငါးရာမက တန်တာကိုနော်။

မမရေ
မေတ္တာဆိုတဲ့ စိတ္တဇ နာမ်ကို ၊ မမ ဆိုတဲ့ တစ်ဦးဆိုင်နာမ်အဖြစ်
ပြောင်းလဲပြစ်ချင်တယ်။ မမအပေါ် မေတ္တာရှိကြောင်းလဲ ကြွေးကြော်ချင်တယ်။

မမရေ
မနေ့က သတင်းစာမှာ အချစ်စစ်တွေ ရဖို့ခက်ပြီလို့ ဖော်ပြထားတယ်။
မမ‌ဆီက အချစ်က ဘယ်လောက်စစ်ကြောင်း ကြွားချင်လိုက်တာ။

မမရေ
ဆောင်းလေက ဝှေ့၊ နှင်းက မွှေ့ နဲ့ လွမ်းလိုက်တာ လွမ်းလိုက်တာ။
နောက်နှစ် နွေတော့ ချစ်ခွင့်ရချင်တယ်။

မမရေ
ကမ္ဘာကြီး လုံးလုံး၊ ပြားပြား မမ မျက်၀န်းလေးတွေကိုတော့
အလွတ်ရတယ်။
အဲ့မျက်၀န်းအိမ် ဝိုင်းဝိုင်းလေးဟာ သိပ်ညို့ယူတတ်တာမဟုတ်လား။

မမရေ
မမအကြောင်း အစချီလို့ကတော့ ဒီကောင်မလေးက
ထွန့်ထွန့်လူးအောင် ဖွဲ့နွဲ့လိုက်ချင်တာ။

ချစ်တာကိုး ချစ်တာကိုးမမရဲ့
ဒီစကားလုံးတွေ ဘယ်ကရလဲ လာလာမေးတဲ့အခါ ဒီရင်ခွင်ကို လှပ်လှပ်ပြရတယ်။ဒီ နှလုံးသားက လာတယ်။ ဒီက လာတယ်ဆိုပြီးတော့ပေါ့။

Telegram -https://t.me/girllovestorybyhsu

#girllovestorybyhsu

image