ဂျပန်၊ ကိုရီးယားနှင့် မကာအိုမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ ခွင့်ပြု
ဂျပန်နိုင်ငံ၊ ကိုရီးယားနှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် မြန်မာနိုင်ငံမှ ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ခွင့်ပြုပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် လာရောက်မည့် ဂျပန်နိုင်ငံ၊ ကိုရီးယားနှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များ အတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာမှ စတင်၍ စမ်းသပ်ကာလ (၁)နှစ် ခွင့်ပြုလျက်ရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အသိပေး ထုတ်ပြန်ထားသည်။
