ယာဂီမုန်တိုင်း အဖျားခတ်မှု ဖြစ်စဉ်ကဲ့သို့ ထပ်မံ မဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် န.စ.က ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြောကြား
မြန်မာနိုင်ငံအပေါ်တွင် လေအေးစီးကြောင်းနှင့် လေနွေးစီးကြောင်း ထိတွေ့မှုကြောင့် မိုးရွာသွန်းနေချိန်ဖြစ်ပြီး ယာဂီမုန်တိုင်းအဖျားခတ်မှု ဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်စေရေး ကြို တင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ မဖြစ်မနေဆောင်ရွက်ကြရမည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ န.စ.က ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်သည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၈) ရက်က ကျင်းပခဲ့ရာ ယင်းအစည်းအဝေး၌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံတကာ မိုးလေဝသခန့်မှန်းဌာနများ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း နိုဝင်ဘာ (၈) ရက်မှ (၁၇) ရက်အတွင်း ရွာသွန်းမြဲအောက်နှင့် ရွာသွန်းမှု အနည်းငယ်သာရှိမည်ဟု ခန့်မှန်းထားသော်လည်း မိမိတို့ဘက်မှ ထပ်မံ၍ ယာဂီမုန်တိုင်းအဖျားခတ်မှုဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်းများကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ကြောင်း”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံအပေါ်တွင် လေအေးစီးကြောင်းနှင့် လေနွေးစီးကြောင်း ထိတွေ့မှုကြောင့် မိုးရွာသွန်းနေချိန်ဖြစ်ပြီး ယခုဖြစ်စဉ်တွင်လည်း ယာဂီမုန်တိုင်းဖြစ်စဉ်အတိုင်း ဖြစ် လာနိုင်ခြေကို သတိထားကြရတော့မည်ဖြစ်သည်။
ယခု ၂၀၂၄ ခုနှစ်သည် ကမ္ဘာတစ်ဝန်း အပူချိန် စံချိန်တင်အမြင့်ဆုံးနှစ်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုနှင့် သဘာဝဘေး အန္တရာယ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ယခင်က မဖြစ်ပေါ်ခဲ့ဖူးသည့် ပုံစံဖြင့် ရုတ်တရက်ရေကြီးမှု၊ မြေပြိုမှုဘေးအန္တရာယ်များကို မြို့နယ်အများအပြား၌ ကြုံတွေ့ခဲ့ရ ကြောင်း ၎င်းကဆိုသည်။
တောင်တရုတ်ပင်လယ်ပြင်တွင် “ယာဂီ” တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ကို ဖြတ်သန်းတိုက်ခတ်ကာ မြန်မာနိုင်ငံသို့ အဖျားခတ်ချိန်နှင့် တိုက်ဆိုင်စွာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်မှုနှင့် နှစ်ခုဆုံပြီး မကြုံစဖူး ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။
ယခု “ယာဂီ”တိုင်ဖွန်းမုန်တိုင်း၏ လမ်းကြောင်းအတိုင်း “ရင်ရှင်း (Yin Xing) ” အမည်ရှိ တိုင်ဖွန်းမုန်တိုင်းသည် နိုဝင်ဘာ (၇) ရက်တွင် ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်ပြီး အနောက်နှင့် အနောက်မြောက်ဘက်သို့ ဦးတည်လျက်ရှိကြောင်း သ တင်းများတွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးနိုင်ခြေမြင့်မားသည့် နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်၍ ထိခိုက်ပျက်စီးဆုံး ရှုံးမှုအနည်းဆုံးသို့ လျှော့ချနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း သိရည်။
ယာဂီမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ရေဘေးသင့်ဒေသများ၏ အရေးပေါ် တုံပြန်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဘေးသင့်ဒေသများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်ခြင်း၊ ေ-သဆုံးထိခိုက် ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုးခဲ့ရသူ များအား ထောက်ပံ့ပေးခြင်း၊ အရေးပေါ် စားနပ် ရိက္ခာများထောက်ပံ့ခြင်းစသည့် လုပ်ငန်းများအတွက် ငွေကျပ် (၂၅) ဘီလီယံကျော်ကို သုံးစွဲထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။