လန်ဒန်ဒါဘီပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတဲ့ ဒက်ကလန်ရိုက်စ်
ခြေချောင်းကျိုး ဒဏ်ရာ ရရှိနေတဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ အသင်းမှာ လေ့ကျင့်ခန်းတွေ မဆင်းနိုင်သေးသလို ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီပွဲစဉ်ကိုပါ ပါဝင်နိုင်မလားဆိုတာ မသိရသေးဘူးလို့ အာဆင်နယ်နည်းပြ အာတီတာက အတည်ပြု ပြောဆိုထားပါတယ်။
