ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေကို လက်ရွေးစင်လူစာရင်းမှ ချန်လှပ်
ပြင်သစ်နည်းပြ ဒေ့ရွန့်ဟာ အသင်းခေါင်းဆောင် အမ်ဘာပေကို လူစာရင်းကနေ ထပ်မံချန်လှပ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်တုန်းကလည်း အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အမ်ဘာပေဟာ အခုတပတ်နိုင်ငံတကာ ရက်သတ္တပတ်မှာ ပြန်ကစားချင်ကြောင်း နည်းပြဒေ့ရွန့်ကို အသိပေးခဲ့ပေမဲ့ ဆက်လက်ချန်လှပ်ခံခဲ့ရတာပါ။
အမ်ဘာပေဟာ လတ်တလောမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မကျင့်မှုနဲ့ စွပ်စွဲခံနေရချိန်မှာ လက်ရွေးစင်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာပါ။
အမ်ဘာပေဘက်ကငြင်းဆိုထားပေမဲ့ ဆွီဒင်နိုင်ငံ စတော့ဟုမ်းက ဟိုတယ်တခုမှာ ရီးရဲလ် မက်ဒရစ်က ကစားသမားတယောက်က လိင်ပိုင်းဆိုင်ရာအဓမ္မကျင့်မှုတခု ကျူးလွန်းခဲ့တယ်လို့ ဆွီဒင် မီဒီယာတွေက ဖော်ပြကြတာပါ။
ပြင်သစ်အသင်းဟာ လာမယ့် နိုင်ငံတကာရက်သတ္တပတ်မှာ အစ္စရေး၊ အီတလီအသင်းတွေနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
DVB