၁၂ရာသီဖွားများအတွက် တစ်ပတ်စာဟောစာတမ်း (Part-1)
1. Aries ♈ March 21-April 20
ဒီရာသီဖွားများနှင့်ပါတ်သက်၍လတ်တလောတွင်စိတ်ခံစားလွယ်နေတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်သော်လည်းမိမိ၏ဝင်ငွေထွက်ငွေကိုထိမ်းညှိရန်လိုအပ်ပါတယ်။ပညာရေးတွင်မိမိစိတ်ပါသောလမ်းကြောင်းများကိုဦးစားပေးသင့်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေဖြင့်ကောင်းမွန်ပြီးအရိုးအဆစ်နှင့်ဆိုင်ရာရောဂါများသတိပြုသင့်ပါတယ်။အချစ်ရေးတွင်အချင်းချင်းသူ့ဘက်ကိုယ့်ဘက်တွေးပေးတတ်ပါကအဆင်ပြေပါလိမ့်မယ်။
2. Taurus ♉ April 21-May 20
ဒီရာသီဖွားများအနေနဲ့လတ်တလောတွင်တဇွတ်ထိုးဆန်နေတတ်သောကြောင့်အမှားများတတ်ပါတယ်။စီးပွားရေး ကံ အသင့်အတင့်ကောင်းမွန်ပါတယ်။ပညာရေးတွင် အတွေးအမြင်သစ်အကြံအစည်သစ်များ ရရှိပြီးအဆင်ပြေကောင်းမွန်ပါလိမ့်မယ်။ ကျန်းမာရေး အနေနဲကြီးကြီးမားမားရောဂါမရှိပါ။အချစ်ရေးတွင် ပြိုင်ဆိုင်သူများပြီးရွေးချယ်စရာများနေပါလိမ့်မယ်။
3. Gemini ♊ May 21-June 20
ဒီရာသီဖွားများအနေနဲ့လတ်တလောတွင်စိတ်အတက်အကျမြန်နေတတ်သော်လည်းအဖက်ဖက်တွင်ပြေလည်ကောင်းမွန်နေပါမယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ကောင်းမွန်ပြီးယခုထက်ပို၍အားစိုက်ရန်လိုအပ်ပါတယ်။ပညာရေးတွင်အသစ်အသစ်သောပညာများလေ့လာဆည်းပူးရန်ကောင်းမွန်သောကာလဖြစ်ပါတယ်။ကျန်းမာရေး အနေနဲ့အမြင်အာရုံနှင့်အာရုံကြောဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးနှင့်ပါတ်သက်၍မိမိဘက်မှစိတ်ရှည်သည်းခံမှုပေးပါကအဆင်ပြေပါလိမ့်မယ်။
4. Cancer ♋ June 21-July 22
ဒီရာသီဖွားများအနေနဲ့အဖက်ဖက်တွင်အဆင်ပြေကောင်းမွန်နေပါလိမ့်မယ်။စီးပွားရေး နှင့်ငွေကြေးကံသင့်တင့်ကောင်းမွန်ပြီးမိမိရရန်ရှိသယ်များနှင့်ပါတ်သက်၍အကျိုးခံစားခွင့်ရှိပါလိမ့်မယ်။ပညာရေးကံကောင်းမွန်ပြီးမိမိအတွက်အခွင့်အလန်းသစ်များရရှိနိုင်ပါတယ်။ကျန်းမာရေး အနေနဲ့ဦးခေါင်းနှင့်ခြေထောက်ပိုင်းဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးကံသင့်တင့်မျှတကောင်းမွန်ပါမယ်။
5. Leo ♌ July 23-August 22
ဒီရာသီဖွားများအနေဖြင့်ယခုလတ်တလောကံဇာတာကောင်းမွန်နေပြီးပေါင်းသင်းဆက်ဆံရေးတွင်ပြေလည်ပါလိမ့်မည်။စီးပွားရေး နှင့်ငွေကြေးကောင်းမွန်ပြီးအလုပ်အကိုင်နှင့်ကိုယ်ပိုင်လုပ်ငန်းများတိုးတက်အောင်မြင်ပါလိမ့်မယ်။ပညာရေးတွင်စိတ်အာရုံပျံလွှင့်နေတတ်သောကြောင့်အာရုံစုစည်းမှုပြုရန်လိုအပ်ပါတယ်။ကျန်းမာရေး တွင်အာရုံကြော ဆိုင်ရာရောဂါများသတိပြုရပါမယ်။အချစ်ရေးကံအသင့်အတင့်ရှိပြီးအပြန်အလှန်နားလည်မှုရှိပါကအထူးအဆင်ပြေပါလိမ့်မယ်။
6. Virgo ♍ August 23-September 22
ဒီရာသီဖွားများအနေနဲ့အလုပ်များနေတတ်ပြီးစိတ်ဖိစီးမှုများရရှိနေတတ်ပါတယ်။စီးပွားရေး နှင့်ငွေကြေးကံအသင့်အတင့်ရှိပြီး မိမိကြိုးအားထုတ်မှုများအတွက်အကျိုးစည်းစိမ်ကိုခံစားရနိုင်ပါမယ်။ပညာရေး တွင် တိုးတက်အောင်မြင်နိုင်သော်လည်းပညာလေ့လာဆည်းပူးလိုစိတ်နည်းပါးသောကြောင့်ကြိုးစားဖို့လိုပါလိမ့်မယ်။ကျန်းမာရေး ကံအသင့်အတင့်ေကာင်းမွန်တဲ့အတွက်ေရာဂါကြီးကြီးမားမားမဖြစ်နိုင်ပါ။အချစ်ရေးတွင်သင့်တင့်မျှတမှုရှိသော်လည်းတဦးနှင့်တဦးကြားမာနများထားရှိပါကစကားများရတတ်ပါတယ်။
#tarot_queen