ရန်ကုန်မှာ(၁)ရက်ကို မီး (၄) နာရီ စီ (၂) ကြိမ် မီးဖြတ်မယ်လို့ဆို

နိုဝင်ဘာ ၆၊ ရန်ကုန်။

(၁)ရက်ကို မီး (၄) နာရီစီ (၂) ကြိမ် မီး​ဖြတ်မယ်လို့ ရန်ကုန်တိုင်းအတွင်းက လျှပ်စစ်ရုံး တချို့က အသိပေး ထုတ်ပြန်လာတယ်လို့ ဆိုပါတယ်။ 

“အခုမှ မဟုတ်ပါဘူး အခုသတ်မှတ်ပုံစံနဲ့ပဲ ပေးနေတာ ကျနော်တို့လှိုင်မှာ ကြာပေါ့။ ဖျဖြတ်တဲ့အချိန်မှန်သလို ပေးတဲ့ အချိန်လဲ မှန်စေချင်တယ်ဗျာ”လို့ လှိုင်မြို့နယ်အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ နိုဝင်ဘာ (၅) ရက်နေ့ကနေစတင်ပြီး (၁)ရက်ကို (၄) နာရီ (၂)ကြိမ်နှုန်းနဲ့ တစ်နေ့ (၈)နာရီ ဖြတ်သွားမှာလို့ ဆိုပါတယ်။

မီးဖျက်တဲ့ ပုံစံကတော့ မနက် (၅)နာရီကနေ နံနက် (၉) နာရီ အထိ တစ်ကြိမ်၊ မွန်းလွှဲ (၁)နာရီကနေ ညနေ (၅)နာရီ အထိ တစ်ကြိမ် ကို အုပ်စု (A) အဖြစ်လည်ကောင်း၊ နံနက် (၉)နာရီမှ မွန်းလွှဲ (၁)နာရီအထိ တစ်ကြိမ်၊ ညနေ (၅) နာရီမှ ည (၉)နာရီအထိ တစ်ကြိမ် ကို အုပ်စု ( အဖြစ် သတ်မှတ်ပြီး ဖြတ်တောက်သွားမှာလို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image