မြန်မာနှင့် အီဂျစ်နိုင်ငံတို့အကြား အပြန်အလှန်အကျိုးရှိမည့် ကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး
မြန်မာနှင့် အီဂျစ်နိုင်ငံတို့အကြား အပြန်အလှန် အကျိုးရှိမည့် ကဏ္ဍများ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အီဂျစ်အာရပ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး H.E. Ambassador. Ahmed Shaheen အား နိုဝင်ဘာ (၃) ရက်က အုပ်ချုပ်ရေးမြို့တော်သစ်ရှိ အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ သွားရောက်၍ မိတ်ဆက် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနှင့် အီဂျစ်နိုင်ငံတို့အကြား အပြန်အလှန်အကျိုးရှိမည့် ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။