10 w - Translate

မြန်မာဘက်က ရောင်းလိုအား ပြတ်တောက်မှုကြောင့် rare-earth မြေရှားသတ္တုဈေးကွက်မှာ ဈေးနှုန်းတွေ ဆက်တိုက် မြင့်တက်လာမယ်လို့ လေ့လာသူတွေ သုံးသပ်ထားကြတယ်လို့ တရုတ် ဂလိုဗယ်တိုင်းမ်က ရေးလိုက်တယ်။
rare-earth ဈေးတက်နေတာ သုံးလဆက်တိုက်တဲ့။
မြန်မာက medium နဲ့ heavy rare-earth အိုင်းယွန်း သတ္တုရိုင်းတွေ အဓိကထုတ်လုပ်နေပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့ထွက်ရှိမှုရဲ့ ၁၁ % ရှိတယ်။ heavy rare-earth တစ်ခုတည်းဆို မြန်မာထုတ်လုပ်တာ တကမ္ဘာလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိတယ်တဲ့။
ဇန်နဝါရီလမှ စက်တင်ဘာလအထိ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကနေ rare-earth တန်ချိန် ၃၁,၀၀၀ တင်သွင်းခဲ့တယ်၊ ဒါက ဒီကာလအတွင်း rare-earth တင်သွင်းမှု စုစုပေါင်းရဲ့ ၇၄.၉ ရာခိုင်နှုန်း ရှိတယ်။
မြန်မာ့ rare-earth နဲ့ ပက်သက်တဲ့ သတင်းအချက်အလက်က ရခဲပြီး အခုလို တရုတ်အစိုးရအာဘော် ဂလိုဗယ်တိုင်းမ်က ရေးတာလည်း ရှားရှားပါးပါးပါ။
heavy rare-earth ဆိုတာ dysprosium၊ yttrium၊terbium၊holmium၊erbium၊thulium၊ ytterbium၊ yttrium နဲ့ lutetium တို့ဖြစ်ပါတယ်။ ဒီထဲမှာ Dysprosium၊ yttrium နဲ့ terbium တို့က ပိုရှားပါးပြီး သန့်ရှင်းစွမ်းအင်နည်းပညာ ဖွံ့ဖြိုးရေးမှာ အရေးပါပါတယ်။
ဒီလောက်ရှားပါးပြီး အရေးပါတဲ့ သတ္တုရိုင်းတွေ ပိုင်ထားပေမယ့်လည်း... ...။

Credit to Min Myat San

image