တရုတ်ခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်လုပ်ငန်းရှင်များ တွေ့ဆုံ
နိုဝင်ဘာ ၅၊ ရန်ကုန်။
တရုတ်နိုင်ငံသို့ စီးပွားရေးဆိုင်ရာ အစည်းအဝေးများ တက်ရောက်ရန် ရောက်ရှိနေသော နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကြသည်။
နစကဥက္ကဌသည် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက နစက တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် နှင့်အကြံပေး ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးတချို့၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့နှင့်အတူတူ ထွက်ခွာခဲ့သည်။
ထို့နောက် ကူမင်းမြို့မှာ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အကြောင်းကို ဆွေးနွေးကြသည်ဟု သိရသည်။
အလားတူ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် တရုတ်နိုင်ငံမှာ ကျင်းပမည့် အဌမအကြိမ် မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေး၊ (၁၁)ကြိမ်မြောက် ကမ္ဘောဒီယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်း ဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးများသို့ တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။
ထို့နောက် တရုတ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံ အစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၌ မြန်မာ့တပ် မတော်နှင့် KIA-MNDAA-TNLA-PDF များကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားရပြီး ကုန်သွယ်ရေးများ ရပ်တန့်နေသည်။
ပုံ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် တရုတ်လုပ်ငန်းရှင်များနှင့် နစကဥက္ကဌ တွေ့ဆုံနေစဥ်
Credit - Central News Independence
#သတင်းဟင်းလေးအိုးကြီး