10 w - Translate

ထိုင်းမှာ မြန်မာငွေ သိန်း ၂ ထောင်နဲ့ လေလံအောင်သွားတဲ့အပင်ပါ
မြန်မာမှာ ဒီအပင်တွေစျေးကြီးကြောင်းတင်တုန်းက ဝင်ဆဲကြတာ နဲတာမဟုတ်ဘူး 😖
အမေးများတဲ့ မေးခွန်းကတော့ ဘာအသုံးဝင်လဲတဲ့
အဖြေက ဘာမှအသုံးမဝင်ဘူးလို့ ထင်ရင် ဘာမှ အသုံးမဝင်ပါဘူး
ခံစားမူနဲ့ဝယ်ကြ စိုက်ကြတာပါ
ခံစားမူဆိုတာက သိန်းထောင်သောင်းမကတန်တာမျိုး လူတစ်ယောက်နဲ့တစ်ယောက်လဲ ခံသားမူတွေမတူနိုင်တာမို့
ကျနော်တို့ကတော့ အဲ့လိုအပင်တွေ အဲ့လိုစျေးနဲ့ ရောင်းနေဝယ်နေကြတာကို အရူးတွေလို့ မမြင်ပါဘူး
ဒီ ခံစားမူကိုလဲ Hobby သမားတွေ အပင်ချစ်သူတွေပဲ နားလည်ပါလိမ့်မယ်
တချို့က ယုံကိုမယုံတာ ဂျင်းထည့်နေတယ် လိမ်နေတယ်ပဲထင်နေတာ တကယ်ဆိုတာ ဘယ်လိုမှ ရှင်းပြလို့မရဘူး တချို့ဆို တရယ့်ကို တိုးတက်တဲ့ နိုင်ငံတွေမှာနေပြီးတော့ကို မယုံတာ ဂျပန်မှာပေါတို့ USA မှာပေါတို့ စင်ကာပူမှာပေါတို့ ဝင်မန့်သေးတာ အဲ့ ပေါတဲ့ အပင်တွေက ဒီအပင်မျိုးတွေမဟုတ်ပါဘူး ပုံစံပဲတူတာပါ မျိုးစိတ်မတူပါဘူးပြောလဲမရဘူး 😖
နိုင်ငံခြားနေတဲ့လူတွေတောင်မသိတာ ပြည်တွင်းကလူတွေမသိတာ ဆန်းတော့မဆန်းပါဘူး
အဆိုးဆုံးက ဘာရောဂါပျောက်လဲမေးတာ 😁 အဲ့ ပိုထူခြားတဲ့ မေးခွန်းရှိသေးဗျ " ကံကောင်းစေတာလား လာတ်ပွင့်စေတာလား " ဆိုတာလာသေးတာ
ပန်းချီကားတစ်ချပ်ကို သိန်းထောင်ချီပေးပြီး ဝယ်နေကြတာနဲ့ အတူတူပဲလ်ု့ပဲ မြင်ပါတယ်
ဂွ ကျကျပြောရင် ပန်းချီကားက မသေတတ်ဘူးလေ နင့်အပင်က သေတတ်တယ်လို့ပြောရင် ကျနော်တို့ကလဲ ဂွကျကျပြန်ပြောပါ့မယ် ပန်းချီက မပွါးဘူး ဒီအပင်က ပွါးလာသေးတယ် 😁
လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ် 🤝
အက်မင် ထီသိန်းတစ်သောင်းပေါက်ရင် အဲ့အပင်ဝယ်ပြီး ဝင်ဆဲတဲ့လူတွေကို ကြော်ကျွေးအုံးမယ် မိူလေးနဲ့ 😝
Hobby channel myanmar
ပုံလေးက ထိုင်း Page တစ်ခုကနေ ယူထားတာပါခင်ဗျာ
Warut Leeyaka
#crd

imageimage