လွန်ခဲ့တဲ့ ခုနစ်နှစ်တုန်းက သုဝဏ္ဏအားကစားရုံမှာ အောင်လပွဲသွားကြည့်တုန်းကလက်မှတ်လေး။ အောင်လနဲ့ အလိန်းဂါလာနီတို့ပွဲ အဲဒီတုန်းက အခုလို PPV တွေမဟုတ်သေးဘူး၊ လက်မှတ်ကို အွန်လိုင်းစနစ်နဲ့ Apply လုပ်တဲ့သူတွေကို email ထဲကိုပို့ပေး. ပြီးမှ ရုံမှာသွားထုတ်ရတာ။ မြန်မာပြည်အကြောင်း ONE ကသေချာမသိသေးတော့ လူတွေစနစ်တကျတန်းစီထုတ်မယ်ထင်နေခဲ့ပုံပဲ။ နေ့လည်၂ နာရီကျော်မှာတင် အားကစားရုံရှေ့မှာ လူက ထောင်ချီနေပြီ။ တန်းလည်းမစီပဲ စုပြုံတိုးကြတာ လက်မှတ်တောင် မနည်းထုတ်ရတယ်။ ဂိတ်ပေါက်ဖွင့်တော့လည်း စုပြုံတိုးဝင်ကြတာ လမ်းတောင် လျှောက်စရာမလိုပဲ အထဲရောက်သွား။ ရုံထဲမှာ အဲကွန်းမနိုင်တော့ ချွေးတလုံးသံတလုံးနဲ့ အသံကုန်အောင် အော်ဟစ်အားပေးခဲ့ရတာ။ အဲဒီအချိန်ကတော့ အောင်လရဲ့ Prime time ပေါ့။ ဂါလာနီနဲ့ပွဲကို မြန်မြန်ဆန်ဆန်ပွဲသိမ်းလိုက်လို့ လူတွေက လုပ်ပွဲကြီးလို့ပြောကြတော့ အောင်လက နောက်ပွဲကျ ကုလားကားရိုက်သလို ကြာကြာထိုးပြမယ် ဆိုပြီး ပြန်တုန့်ပြန်ခဲ့တာတော့ အမှတ်တရပဲ..