မြန်မာအလုပ်သမား ၁၄၀၀ ဝန်းကျင်ကို ဂျပန်က ခေါ်ယူဖို့ရှိ

နိုဝင်ဘာ ၃၊ နိုင်ငံတကာ။

ဂျပန် ကုမ္ပဏီ ၄၃၁ ခုက မြန်မာအလုပ်သမား ၁,၄၀၀ ဝန်းကျင်အတွက် အလုပ်အကိုင်တွေ ကမ်းလှမ်း ခေါ်ယူလာတယ်လို့ တိုကျိုမြို့မှာရှိတဲ့ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အလုပ်သမား ၁၄၀၀ ဝန်းကျင်မှာ အမျိုးသမီးအလုပ်သမား ၁,၀၀၀ ကျော်ကို ခေါ်ယူတာဖြစ်ပြီး အမျိုးသားက ၃၀၀ ကျော် ခေါ်တာဖြစ်ပါတယ်။

သက်ကြီးစောင့်ရှောက်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး နဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ထောင်ကျော်ကိုခေါ်ယူထားတာပါ။

ဒီသတင်းအပြည့်အစုံကို ဘီဘီစီရဲ့ နိုဝင်ဘာ ၃ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ်လင့်ခ်ကနေ https://www.bbc.com/burmese/articles/cy0gyqxqz2jo ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ပုံစာ- ပြည်ပထွက်ခွာအလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ
ဓာတ်ပုံ - ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image