အရမ်းခေတ်စားနေတဲ့ သင်္ကြန်မီနူး
ကိုရီးယားရေခဲသုပ် Bingsu ပြုလုပ်နည်း
..
ကိုရီးယားရိုးရာ အစားအစာဖြစ်တဲ့
Bingsu ရေခဲသုပ်ဟာ
သာမာန်မဟုတ်ပါဘူး
တဇွန်းခပ်စားလိုက်တာနဲ့
ပါးစပ်ထဲမှာ
မွမွကလေးအရည်ပျော်သွားတဲ့
နို့ရေခဲခြစ်မွမွရွရွလေးက အသက်ပါ။
စီးပွားဖြစ်လုပ်လုပ်
အိမ်မှာစားဖို့ပဲလုပ်လုပ်
စားမလောက်
ရောင်းမလောက်တဲ့
ကိုးရီးယား ရေခဲသုပ် ကလေး
လုပ်ကြည့်ကြပါစို့
A2ရဲ့ နည်းပညာ မျှဝေလိုက်ပါတယ်နော်
..
ပါဝင်ပစ္စည်းများ🍨
နွားနို့ရေခဲခြစ် ၂၅၀ ဂရမ်
နို့ဆီ ၂ ဇွန်း
နွားနို့ ယိုဇွန်း ၂ ဇွန်း
သီးစုံရနံ့ အချိုရည် အဆီ ၃၀ မီလီ
စပျစ်သီးခြောက် အနည်းငယ်
..
သစ်သီးအတုံးကလေးများ
၂၀၀-၄၀၀ ဂရမ်
စတော်ဘယ်ရီသီး🍓
ငှက်ပျောသီး🍌
ပန်းသီး🍎
ကီဝီသီး🥝
ဖရဲသီး🍉
နာနတ်သီး 🍍
စပျစ်သီး 🍇အစုံထဲ့လို့ရ။
.
ဖာလူဒါအနံ့ဆီ
လက်ဖက်စားဇွန်းတဇွန်း
..
ကျောက်ကျောမဲ
သို့မဟုတ်
ယိုးဒယားရောင်စုံမျှော့ချောင်း
သို့မဟုတ်
ပုလဲသီး
ယိုဇွန်း ၂ ဇွန်းစာ
..
ရေခဲမုန့် ၂ လုံး
..
ပြုလုပ်နည်း🍥
နွားနို့အစိမ်းကို
ပုံစံခွက်ထဲ ထဲ့ကာ
ရေခဲသေတ္တာမှာ အခဲခံထားပါ။
ရလာသော နို့ခဲကလေးများကို
ရေခဲကြိတ်စက်ဖြင့်
ကြိတ်ချေပါ။
နွားနို့ရေခဲခြစ်ကို
ပြင်ဆင်မည့်ခွက်ထဲ
ပထမဆုံးထဲ့ပါ
သစ်သီးများဖြင့်အလှဆင်ပါ
နို့၊နို့ဆီ၊အချိုရည်အဆီ၊ဖာလူဒါအဆီများ
အပေါ်မှ ညှစ်ထဲပါ။
..
ရေခဲမုန့် နှစ်လုံးထဲ့ပါ
စပျစ်သီးခြောက်ကလေးများဖြူးပါ။
..
နာမည်ကြီး
ကိုရီးယားBingsu ရေခဲသုပ်တပွဲ
စားသုံးရန်အသင့်ရပါပြီရှင်။
#cooking