Frankie shared a post  
4 w

4 w

လာဘ်လာဘတိုးပွားစေတဲ့ရွှေဝါငါးကြင်းရုပ်

တရုတ်ဒဏ္ဍာရီလာများတွင်ဟိုးရှေးအတိတ်က ဖြစ်ရပ်များ၊ ဇာတ်ကောင်များနှင့်ပတ်သက်သော ဇာတ်လမ်းများစွာ၌ ရိုးရာပုံစံနှစ်မျိုးရှိသည်။ တစ်ခုမှာ သမိုင်းဝင်ဖြစ်ရပ်အဖြစ်မှတ်တမ်းတင်သည့် ပုံစံနှင့် အခြားတစ်ခုမှာ ဒဏ္ဍာရီဆန်သောပုံစံဖြစ်သည်။

အချို့သောဒဏ္ဍာရီများတွင် ဖန်ဆင်းခြင်းဒဏ္ဍာရီ၊ လူသား၊ သက်မဲ့၊ ယဉ်ကျေးမှုများ၏ ဇာတ်မြစ်များပါဝင်သည်။ အချို့၌ တရုတ်ပြည်၏ဇာတ်မြစ်အကြောင်းပါရှိ၍ အချို့တွင် သမိုင်းမတင်မီခေတ်များ အစဉ်အဆက်ပြသမှုလည်းပါဝင်ခဲ့သည်။ထိုဒဏ္ဍာရီများနှင့်အတူ ဖုန်းရွှေနည်း အဆောင်များမှာလဲ လူအများကြား ယုံကြည်မှုနှင့်အတူ ဆက်စပ်လျှက်ရှိနေပါသည်။

အိမ်တအိမ်မှာ ' ဧည့်ခန်း' ဟာ ဣဋ္ဌနေရာ ဖြစ်ပြီး ဖုန်းရွှေပညာ အရတော့... 'ဧည့်ခန်း' ဟာမိမိအိမ်ရဲ့လာဘ်ခေါ်တဲ့နေရာဖြစ်ပါတယ်။ထို့ကြောင့် မင်္ဂလာရှိအောင်ထားရမှာဖြစ်ပြီး ဧည့်ခန်းအတွင်းမှာ ပရိဘောဂနဲ့ အလှဆင်ပစ္စည်းတွေ ထားသိုမှုဟာအလွန်အရေးကြီးလှပါတယ်။တရုတ်ရှေးလူကြီးများသည် ရွှေငါးများ မွေးမြူခြင်း၊လာဘ်လာဘတိုးပွားစေတဲ့ ရွှေဝါငါးရုပ်ကို ဧည့်ခန်းတွင်ထားရှိခြင်းတို့ကို ဖုန်းရွှေနည်းဖြင့် အသုံးပြုခဲ့ကြပါတယ်။

မှတ်ချက်။အထက်ပါရေးသားချက်များမှာ တရုတ်ရိုးရာယုံကြည်မှု နှင့်ဓလေ့ထုံးတမ်းများကို အတိုချုံးတင်ပြခြင်းသာဖြစ်သည်။

စာကြွင်း -ဖုန်းရွှေ တရုတ်ရိုးရာယဉ်ကျေးမှု တွင် ဧည့်ခန်း၌ နဂါး ၊ ရွှေငါး၊လာဘ်ခေါ်ကြောင်ရုပ်၊ရွှေဝါငါးကြင်းရုပ်၊ပန်းပင်ပန်းအိုး၊ကျားခေါင်း၊(cicada) ပိုးကောင်ရုပ်၊သိမ်းဌက်ရုပ်ထု၊လင်းယုန်ရုပ်ထု၊ဆည်းလည်း၊မြင်းရုပ်၊ဆင်ရုပ်၊ခြံဝန်းကြီးကြီးနဲ့နေတဲ့ သူတွေအဖို့ အိမ်ရှေ့မြက်ခင်းပြင်မှာ ရေတံခွန်အသေးတို့ပါဝင်နေကြပါတယ်။
#ancient
#history
#culture
#heritage
#frankiestories

image