4 w - Translate

Phuket ဘက်ရောက်ရင် သွားဖို့ နေရာအသစ်လေး တစ်ခုကို ပြောပြပေးချင်လို့ပါ 🤭❤️

စိမ်းညို့ညို့ ထင်းရှုးတန်းတွေ နဲ့ တောင်တန်းတွေကာရံထားတဲ့ အလယ်မှာ ရှိတဲ့ အပြာရောင် ရေကန်လေး…

ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် ဓါတ်ပုံ ရိုက်လို့ အရမ်းလှတာကြောင့် ခရီးသွားအများစုကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဖြစ်လာပါတယ်

ဒေသခံတွေရဲ့ ပြောပြချက်တွေအရ ဟိုအရင်က Dolomite Mine တူးဖော်ရေးလုပ်ငန်းတစ်ခုက တွင်းနက်နက်တူးမိပြီး နောက် ရေတွေဝင်လာတဲ့အခါ သတ္တုတွေနဲ့ ဓါတ်ပြုပြီး အပြာရောင် ရေကန်ဖြစ်လာတယ်လို့ ဆိုကြပါတယ်
ရေကန်မှာ သတ္တုဓါတ် ပါဝင်မှု အတော်လေး မြင့်တာကြောင့် အနီးအနားမှာ သက်ရှိသတ္တဝါလေးတွေ မနေကြပါဘူး
ရေဆင်းမကူးဖို့လည်း တားမြစ်ထားပါတယ်
ရေလည်း အတော်နက်တယ်လို့ ဆိုပါတယ်

ထူးခြားတာ တစ်ခုက ပထမ တစ်ခေါက်သွားတုန်းက ရေက အပြာရောင်ဘက် ပိုရောက်ပြီး အခုတစ်ခေါက်မှာတော့ ရေအရောင်က စိမ်းပြာဘက် ပိုရောက်နေတာပါပဲ😬

Phuket ကနေ ၂ နာရီလောက်ပဲ ဝေးလို့ ခြူးတို့ Phuket ရောက်တိုင်း ဝင်ဖြစ်ပါတယ်

လူနေအိမ်ခြေ သိပ်မရှိတဲ့ နေရာဖြစ်လို့ သွားဖြစ်မယ်ဆိုရင် မနက်နဲ့ နေ့ခင်းဘက်ပဲ သွားပါနော်
မှောင်တဲ့အချိန်ဆို သွားရတာအဆင်မပြေဖြစ်နိုင်လို့ပါရှင့်

Location လေးကတော့ ဒီမှာပါ https://maps.app.goo.gl/66JD9h....TYxrkKxTPt5?g_st=com

Phuket သွားဖြစ်ရင် ဒီနေရာလေးကို ဝင်ပြီး ပုံလှလှလေးတွေ ရိုက်ခဲ့ပါဦးရှင့် 🫶❤️

image